Facebook က စမတ်နာရီ ၁ လုံးကို ဖန်တီးနေ

လူမှုကွန်ရက် ဂုရုကြီး Facebook က စမတ်နာရီ ၁ လုံးကို ဖန်တီးနေပြီး ကျန်းမာရေးနဲ့ Messaging လုပ်ဆောင်ချက်တွေကို အသားပေးထားတယ်လို့ The Information က သတင်းပေးထားပါတယ်။ Facebook ရဲ့ စမတ်နာရီမှာ Google Android Software ရဲ့ Open Source Version ကို ထည့်သွင်းထားမယ်လို့ သိရပေမယ့် Facebook ဟာ အနာဂတ် ဟာ့ဒ်ဝဲ ထုတ်ကုန်တွေအတွက် ကိုယ်ပိုင် OS ကိုလည်း ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။

အဲဒီ စမတ်နာရီမှာ Messenger , WhatsApp နဲ့ Instagram တို့လို Facebook ပိုင်တဲ့ App တွေနဲ့ ကောင်းကောင်းချိတ်ဆက်ထားနိုင်ပါတယ်။ ဆယ်လူလာ ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး စမတ်ဖုန်းကို မှီခိုစရာ မလိုဘဲ Message တွေ လျှင်လျှင်မြန်မြန် ပေးပို့နိုင်မှာပါ။

Facebook ဟာ Peloton Interactive လို ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှု ကုမ္ပဏီတွေရဲ့ ဝန်ဆောင်မှုတွေကို စမတ်နာရီမှာ အသုံးပြုလို့ရအောင် ပြုလုပ်ထားမှာပါ။ အဲဒီ စမတ်နာရီကို ၂၀၂၂ ခုနှစ် မတိုင်ခင် ရောင်းချမှာ မဟုတ်ပါဘူး။

ပေါက်ကြားသတင်းတွေအရ Facebook ဟာ အမြတ်များများ မတင်ဘဲ ထုတ်လုပ်ရောင်းချမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဈေးနှုန်း အတိအကျကို မသိရသေးပါဘူး။ Facebook ဟာ Apple Watch Series 6 နဲ့ Watch SE တို့ရဲ့ ဈေးအောက်နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: