Asus က ဒီနှစ်မှာ စွမ်းရည်မြင့် အရွယ်သေး Zenfone Mini ကို ကြေညာနိုင်

Asus က ROG Series နဲ့ ZenFone Series တွေကို ထုတ်လုပ်ရောင်းချနေပြီး အတော်အသင့် အောင်မြင်နေပါတယ်။ အခုတော့ DigiTimes ရဲ့ သတင်းအရ Asus က ဒီနှစ်မှာ စွမ်းရည်မြင့် အရွယ်သေး Zenfone Mini ကို ကြေညာနိုင်တယ်လို့ သိရပါတယ်။

၂၀၂၀ ကွာတား ၃ မှာ Asus ဟာ ကပ်ရောဂါနဲ့ ဟာ့ဒ်ဝဲ မလုံလောက်မှုကြောင့် ဝင်ငွေနည်းခဲ့ပါတယ်။ အဲဒီအတွက် Zenfone Series တွေကို တိုးချဲ့ရောင်းချနိုင်ပြီး အခု သတင်းထွက်လာတဲ့ Zenfone Mini ဟာ အရွယ်သေးပေမယ့် စွမ်းရည်မြင့်မားမှာပါ။ Asus က သူ့ကြောင့် ဝင်ငွေ ပြန်တက်လာနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Asus က သူ့ရဲ့ သတင်းအချက်အလက်တွေကို ဘာမှမပြောသေးပေမယ့် Zenfone 7 ရဲ့ ၆.၆၇ လက်မ မျက်နှာပြင်ထက် အရွယ်အစား သေးငယ်မယ်လို့ အတည်ပြုထားပါတယ်။

ဒီနေ့ခေတ်မှာ စွမ်းရည်မြင့် အရွယ်သေး ဖုန်းတွေကို လူသိပ်မကြိုက်ကြပါဘူး။ ဥပမာပြောရရင် Apple iPhone 12 Mini ဟာ ရောင်းအား သိပ်မကောင်းလို့ ထုတ်လုပ်မှု လျှော့ချခဲ့ရပါတယ်။

Ref : fonearena

%d bloggers like this: