Apple ရဲ့ AR/VR Headset မှာ 8K မျက်နှာပြင် ပါလာနိုင်

Apple ဟာ Augmented Reality (AR) Headset ကို ဖန်တီးနေတဲ့ သတင်းထွက်နေတာ ၂၀၁၇ ကတည်းက ဖြစ်ပြီး အခုတော့ နောက်နှစ်မှာ ထွက်လာနိုင်တယ်လို့ သတင်းပေါက်ကြားလာပါတယ်။ အဲဒီ Headset ဟာ ဒေါ်လာ ၃,၀၀၀ လောက် ရှိနိုင်တဲ့အတွက် ဈေး မသေးပါဘူး။ AR/VR Headset တွေထဲမှာ အဆင့်အမြင့်ဆုံး ဖြစ်လာမှာ ဖြစ်ပြီး 8K မျက်နှာပြင် ပါလာနိုင်ပါတယ်။

မျက်လုံး အာရုံခံစနစ် ထည့်သွင်းထားပြီး ရုပ်ပုံတွေရဲ့ အရည်အသွေး မြင့်မားမှာပါ။ အခန်းနဲ့ Headset ရဲ့ လှုပ်ရှားမှုကို Map လုပ်ဖို့ LiDAR ဆန်ဆာများစွာ တပ်ဆင်ထားမှာဖြစ်သလို လက်ကိုလည်း ခြေရာခံနိုင်မှာပါ။ Bloomberg က Apple ဟာ အဲဒီ Headset အတွက် အထူး Chipset ၁ ခုကို ဒီဇိုင်းထုတ်မယ်လို့ ပြောပါတယ်။ M1 နဲ့ ဆင်တူပေမယ့် Processing Power က ပိုမြင့်မားမှာဖြစ်ပြီး သတင်းထွက်နေတဲ့ M2 လည်း ဖြစ်နိုင်ပါတယ်။ အလေးချိန် ပေါ့ပါးစေဖို့ အပြင်ဘက်မှာ ချည်သားကို အသုံးပြုထားနိုင်ပါတယ်။

အဲဒီ Headset ဟာ အဓိက အားဖြင့် VR Headset ဖြစ်ပေမယ့် AR လုပ်ဆောင်ချက် အကန့်အသတ်နဲ့ ပါလာနိုင်ပါတယ်။ Apple ဟာ နောက်နှစ်မှာ VR Headset ကို ကြေညာနိုင်တယ်လို့ သတင်းထွက်နေသလို တချို့သတင်းတွေကလည်း ထွက်လာဖို့ နှစ်အနည်းငယ်လိုသေးတယ်လို့ ပြောနေကြပါတယ်။ ၂၀၂၃ ကျမှလည်း ထွက်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: