OnePlus 8 Series အတွက် Software Update အသစ် ထွက်လာ

OnePlus က 8, 8 Pro နဲ့ 8T အတွက် OxygenOS Update အသစ်ကို ဖြန့်ချိပေးလိုက်ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် Android Security Patch ပါလာပါတယ်။ Update မှာ App တချို့ အလုပ်ကောင်းကောင်း မလုပ်တာကို ပြင်ဆင်ပေးထားပြီး Notification Bar ရဲ့ UI Display Effect ပိုမိုက်လာပါတယ်။ Long Screenshots တွေ ရိုက်ရတာ ပိုအဆင်ပြေလာပါတယ်။

ဒါ့အပြင် Update မှာ 5G Calls အတွက် ဆူညံသံတွေကို ပြင်ဆင်ပေးထားသလို Bugs များစွာကို ဖြေရှင်းပေးထားပါတယ်။ ဥရောပက OnePlus 8 , 8 Pro မှာ OxygenOS 11.0.4.4 နဲ့ 8T မှာ 11.0.7.10 ရသွားတာပါ။ အိန္ဒိယနဲ့ မြောက်အမေရိကက 8T အလုံးတွေမှာတော့ OxygenOS 11.0.7.9 အနေနဲ့ ဖြန့်ချိပေးလိုက်တာပါ။

ဒါပေမယ့် Changelog တွေကတော့ တူညီကြပြီး အောက်မှာ လေ့လာနိုင်ပါတယ်။

System
• Optimized the experience of using long screenshots
• Optimized the UI display effect of the notification bar
• Improve the stuttering problem of some tripartite applications
• Fixed the small probability issue that Twitter may freeze
• Fixed the issue that opening app split-screen may fail
• Fixed the issue of failure to switch the accent color in a small probability
• Fixed the inaccurate display of the attribution of some numbers
• Fixed known issues and improved system stability
• Updated Android security patch to 2021.01
Gallery
• Fixed the issue that the video cannot be played in a small probability
Network
• Fixed the noise issue of 5G calls

လက်ရှိမှာ OnePlus က User အကန့်အသတ်နဲ့ပဲ ထုတ်ပေးထားတာ ဖြစ်ပြီး Bug ကြီးကြီးမားမား မရှိရင် လာမယ့် ရက်ပိုင်းအတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: