0 Shares 10 Views

Galaxy Note 5 ရဲ့ S Pen ဒီဇိုင်းချို့ယွင်းချက်ကို Samsung တိတ်တဆိတ်ပြင်ဆင်

Jan 20, 2016
0 10

Galaxy Note 5 ကိုင်ဆောင်သူတွေရဲ့ ဒေါသတကြီးတုံ့ပြန်စာတွေနဲ့ ဝေဖန်ချက်တွေကို အများအပြားခံရပြီးမှာ Samsung ဟာ Galaxy Note 5 နောက်ထုတ်မော်ဒယ်အသစ်တွေမှာ S Pen ဒီဇိုင်းချို့ယွင်းချက်ကို ပြင်ဆင်လိုက်ပြီဖြစ်ပါတယ်။

နောက်ထွက်တဲ့ Galaxy Note 5 မော်ဒယ်ဖုန်းတွေမှာ S Pen ကို ပြောင်းပြန်ထည့်မိတာနဲ့ အလိုအလျောက်ပြန်ထွက်လာမယ့် ခလုတ်ဘားတစ်ခုကို Samsung က ဖုန်းအတွင်းမှာ ထည့်သွင်းပေးထားကြောင်း Phandroid ၀က်ဆိုဒ်က ဆောင်းပါးတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

အဆိုပါဘားဟာ Galaxy Note 5 ဖုန်းရဲ့ မားသားဘုတ်မှာ ကော်တိပ်တစ်မျိုးနဲ့ကပ်ကာ တပ်ဆင်ထားပြီး S Pen ကို ပြောင်းပြန်ထည့်မိတာနဲ့ အပေါ်ကိုပြန်ကန်ထွက်လာမှာဖြစ်လို့ S Pen ကို ပြောင်းပြန်ထည့်မိမှာ ကြောက်စရာ မလိုတော့ပါဘူး။

မနှစ်ကထွက်ရှိခဲ့တဲ့ Galaxy Note 5 က S Pen ကို ပြောင်းပြန်ထည့်မိသူတွေဟာ ပြန်ထုတ်လို့မရဘဲညှပ်နေတာကြောင့် အားနဲ့ဆွဲထုတ်မိတဲ့အခါ S Pen အာရုံခံကိရိယာပျက်စီးခဲ့ရပြီး S Pen ရဲ့ လုပ်ဆောင်ချက်တစ်ချို့အလုပ်မလုပ်တော့တာတွေဖြစ်ခဲ့ရပါတယ်။

note-5-motherboard-1-640x580

Ref: Phandroid

 

 

You may be interested

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ
Apple, HUBS, Mobiles & Tablets
208 shares47 views

ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone ကို Apple ဖန်တီးနေ

Ko Thuya - Nov 24, 2017

Apple က ကွေးညွှတ်ပျော့ပြောင်းတဲ့ iPhone အတွက် Patent တစ်ခုကို မှတ်ပုံတင်လိုက်ပါတယ်။ US Patent and Trademark Office (USPTO) မှ သတင်းအချက်အလက်များအရ အဲဒီ Patent ဟာ ကွေးညွှတ်ပျော့ပြောင်းတဲ့ မျက်နှာပြင်တပ်ဆင်ထားတဲ့ ကိရိယာ ဖြစ်ပြီး…

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်
Mobiles & Tablets, NEWS
340 shares149 views

အမိုက်စားဖုန်းတို့ ဆုံစည်းရာ ၂၀၁၇ ခုနှစ်

Nwe Oo - Nov 24, 2017

မကြာသေးခင်ကပဲ OnePlus 5T ဖုန်းတွေကို မိတ်ဆက်လိုက်ပြီးနောက်မှာတော့ ဖုန်းရဲ့ hardware ပိုင်းရော software ပိုင်းကိုပါ တော်တော်လေးစိတ်တိုင်းကျခဲ့ပါတယ်။ ပေးရတဲ့ $499 နဲ့တော်တော်ကြီးတန်တဲ့ဖုန်းတစ်လုံးလို့တော့ ဆိုရမှာပါ။ OnePlus ကုမ္ပဏီက အရမ်းတော့မကြီးပေမယ့်လည်း သူ့ရဲ့ဈေးကွက်ကို သူကိုယ်တိုင်နားလည်ပါတယ်။ $500 လောက်နဲ့  ကမ္ဘာမှာနာမည်ကြီးနေတဲ့…

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ
Mobiles & Tablets, NEWS
183 shares58 views

Coolpad က တန်ဖိုးနည်း Note 5 Lite ကို ရောင်းချ

Ko Thuya - Nov 24, 2017

Coolpad က အိန္ဒိယမှာ တန်ဖိုးနည်း Note 5 Model အသစ်တစ်ခုကို မိတ်ဆက်လိုက်ပါတယ်။ ယခုနှစ် သြဂုတ်လမှာ အိန္ဒိယတွင် ရောင်းချပေးခဲ့တဲ့ Note 5 Lite C ရဲ့ Storage ထက် နှစ်ဆ ပိုမိုများပြားတဲ့ 32GB…

Most from this category