50MP ကင်မရာ၊ Snapdragon 865 ပါတဲ့ OPPO Reno5 Pro+ ကို နိုင်ငံတကာမှာ ကြေညာတော့မည်

OPPO က စွမ်းရည်မြင့် Reno5 Pro+ ကို ဒီဇင်ဘာလက တရုတ်မှာ ကြေညာခဲ့ပေမယ့် နိုင်ငံတကာကို မရောက်လာသေးပါဘူး။ အခုတော့ Global Certification Forums မှာ မှတ်ပုံတင်လိုက်တဲ့အတွက် နိုင်ငံတကာမှာ ကြေညာဖို့ နီးစပ်နေပါပြီ။

သူ့ရဲ့ Specs တွေကို ပြန်လည် လေ့လာကြည့်ရအောင်။ သူ့မှာ ၆.၅၅ လက်မ FHD+ AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 90Hz Refresh Rate နဲ့ 180Hz Touch Sampling Rate ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးက ၉၂.၁ ရာခိုင်နှုန်း ဖြစ်ပါတယ်။ 32MP Punch Hole ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 50MP ပင်မ , 16MP Ultrawide , 13MP Telephoto နဲ့ 2MP Macro ကင်မရာ ၄ လုံးပါလာပြီး Telephoto Lens က 5x Hybrid Zoomကို ထောက်ပံ့ထားပါတယ်။

Snapdragon 865 SoC မောင်းနှင်ထားပြီး အပူချိန် လျှော့ချပေးဖို့ Three Dimensional VC Liquid Cooling စနစ် ထည့်သွင်းထားပါတယ်။ Android 11 အခြေပြု ColorOS 11.1 မောင်းနှင်ထားပြီး 65W Fast Charging ပါတဲ့ 4,500mAh ဘက်ထရီ ပါလာပါတယ်။

OPPO Reno5 Pro+ specifications

• 6.55-inch (2400 × 1080 pixels) Full HD+ 3D 90Hz OLED display with up to 1100nits peak brightness
• Octa-Core Qualcomm Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB LPDDR4x RAM with 128GB ( UFS 3.1) / 12GB LPDDR4x RAM with 256GB (UFS 3.1) storage
• Android 11 with ColorOS 11.1
• Dual SIM
• 50MP rear camera with Sony IMX766 sensor, f/1.8 aperture, OIS+EIS , LED flash, 16MP 119° Ultra Wide Lens with f/2.2 aperture, 13MP telephoto camera with up to 5x hybrid zoom, 2MP macro camera f/2.4 aperture
• 32MP front-facing camera with f/2.4 aperture
• In-display fingerprint sensor
• USB Type-C Audio
• Dimensions:159.9×72.5×7.99mm; Weight: 184g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 6 802.11ax, Bluetooth 5.2, GPS/GLONASS/Beidou, NFC, USB Type-C
• 4500mAh battery with 65W Super Flash Charge (SuperVOOC 2.0) fast charging

တရုတ်မှာ 8/128GB ကို ၃,၉၉၉ ယွမ်နဲ့ 12/256GB ကို ၄,၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၈ သိန်း ၁ သောင်းနဲ့ ၉ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာပါ။

Ref : fonearena

%d bloggers like this: