Royole Flexpai ရဲ့ Foldable ဖုန်း အသစ်ကို မှတ်ပုံတင်ထားပြီ

ကမ္ဘာ့ ပထမဆုံး Flodable ဖုန်းကို ထုတ်လုပ်ရောင်းချခဲ့တာ Samsung လည်း မဟုတ်၊ Huawei လည်း မဟုတ်ပါဘူး။ တရုတ် အခြေစိုက် Royole ဖြစ်ပါတယ်။ အရင်က Royole Flexpai Series Foldable ဖုန်း ၂ လုံးကို ထုတ်လုပ်ရောင်းချခဲ့ပြီးပါပြီ။ အခုတော့ ဖုန်း အသစ် ၁ လုံးကို TENAA မှာ မှတ်ပုံတင်ထားပြီး ဓါတ်ပုံနဲ့ Specs တချို့ကို ဖော်ပြထားပါတယ်။

အရင်က Flexpai ဖုန်းမှာ ဒေါင်လိုက် ကင်မရာ ၁ လုံးပဲ သုံးထားပြီး အခု ဖုန်း အသစ်မှာ လေးထောင့်ပုံ ကင်မရာ အကွက်ကို မြင်ရပါတယ်။ တခြားဘက်ခြမ်းမှာ ကင်မရာ Bump အတွက် လေးထောင့်ပုံ အကွက်ကို ဖောက်ထွင်းထားပါတယ်။

ဓါတ်ပုံကို သေချာကြည့်ရင် အရှေ့ ကင်မရာတွေကို မမြင်ရတဲ့အတွက် ဆဲလ်ဖီး ကင်မရာ မပါလာသလို မျက်နှာပြင်အောက် ကင်မရာလည်း မထည့်ထားပါဘူး။ အနောက်ဘက်မှာ ကင်မရာ ၂ လုံးပဲ ထည့်ထားပြီး Flexpai 2 ရဲ့ ၄ လုံးထက် နည်းသွားတဲ့အတွက် အခု ဖုန်းဟာ Lite or Mini Version ဖြစ်နိုင်ပါတယ်။

သူ့ရဲ့ မျက်နှာပြင်ကို ဖြန့်ထားရင် ၇.၂ လက်မ ရှိပြီး ဘက်ထရီက 3360mAh ဖြစ်ပါတယ်။ Android OS အခြေပြု UI အုပ်ထားပြီး 5G ပါပါတယ်။ အရွယ်အစား အပြည့်အစုံမှာ 147.1 x 138.8 x 7 mm ဖြစ်တဲ့အတွက် အရွယ်အစား ပိုသေးသွားကာ ပိုဈေးသက်သာသွားမှာပါ။

Ref : gsmarena

%d bloggers like this: