Vivo X60 Series ကို မတ်လ သို့မဟုတ် ဧပြီလမှာ ကြေညာနိုင်

Vivo ဟာ မတ်လနှောင်းပိုင်း သို့မဟုတ် ဧပြီလ အစောပိုင်းမှာ X60 Series ကို အိန္ဒိယမှာ ကြေညာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ အဲဒီထဲမှာ X60 Pro+ ပါမှာ သေချာပြီး ကျန်တဲ့ X60 နဲ့ X60 Pro ၂ လုံးစလုံး ပါလာမလား ဆိုတာ မသိရသေးပါဘူး။

လက်ရှိမှာ အိန္ဒိယ ရောင်းဈေးကို မသိရသေးပါဘူး။ တရုတ် ရောင်းဈေးနဲ့တွက်ကြည့်ရင် 8/128GB အတွက် X60 Pro+ ကို ၅၆,၅၀၀ ရူပီး၊ X60 ကို ၃၉,၅၀၀ ရူပီးနဲ့ X60 Pro ကို ၅၀,၉၀၀ ရူပီးလောက် ကျသင့်မှာပါ။ ဒါပေမယ့် တရုတ်ပြင်ပမှာတော့ အခွန်တွေကြောင့် ဒီထက် ဈေးများနိုင်ပါတယ်။

Vivo ဟာ X60 နဲ့ X60 Pro ကို ဇန်နဝါရီလ အစောပိုင်းနဲ့ X60 Pro+ ကို ဇန်နဝါရီလနှောင်းပိုင်းမှာ ကြေညာခဲ့တာပါ။

X60 မှာ 120Hz AMOLED မျက်နှာပြင်နဲ့ အနောက်ကင်မရာ ၃ လုံး ပါပါတယ်။ X60 Pro မှာ Periscope ကင်မရာ အပို ၁ လုံး ထည့်သွင်းထားပြီး X60 Pro+ မှာ 50MP ISOCELL GN1 Sensor အသစ်နဲ့ 5x Periscope Zoom ကင်မရာ ၁ လုံး ပါပါတယ်။ X60 နဲ့ X60 Pro မှာ 5nm Exynos 1080 Chipset နဲ့ စွမ်းရည်မြင့် X60 Pro+ မှာ 5nm Snapdragon 888 Chipset ထည့်သွင်းထားပါတယ်။

Ref : gsmarena

%d bloggers like this: