Huawei က Mate X2 ကို ဖေဖော်ဝါရီလနှောင်းပိုင်းမှာ ကြေညာနိုင်

Huawei ဟာ နောက်မျိုးဆက် Foldable ဖုန်း ဖြစ်တဲ့ Mate X2 ကို ဖန်တီးနေတဲ့ သတင်းတွေ ၂၀၂၀ စက်တင်ဘာလကတည်းက ထွက်ပေါ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ တရုတ် ဆက်သွယ်ရေး ကော်မရှင် TENAA ကို ရောက်လာပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက် နီးလာပါပြီ။ TENAA မှာ သူ့ရဲ့ Specs တွေကို မတွေ့ရသေးပေမယ့် ပေါက်ကြား သတင်းအရ မျက်နှာပြင်ကို ဖြန့်ထားရင် ၈ လက်မလောက် ရှိမယ်လို့ သိရပါတယ်။

သူ့ကို ကြေညာမယ့် အချိန်ကို Huawei က မပြောသေးပေမယ့် ဖေဖော်ဝါရီလ နှောင်းပိုင်း ဖြစ်နိုင်တယ်လို့ သတင်းထွက်လာပါတယ်။ ဒီဇိုင်းကို ဆန်းသစ်ထားမှာ ဖြစ်ပြီး 5nm Chipset ထည့်ထားမယ်လို့ သတင်းက ဆိုပါတယ်။

မကြာခင်က သူ့ရဲ့ Specs အပြည့်အစုံ တရုတ်ကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ အတွင်းဘက်ကို ခေါက်ချိုးရတဲ့ ဒီဇိုင်း ဖြစ်ပြီး ဖြန့်ထားရင် မျက်နှာပြင် အရွယ်အစားဟာ ၈.၀၁ လက်မ ရှိမှာပါ။ အပြင်ဘက် အပို မျက်နှာပြင်ကတော့ ၆.၄၅ လက်မ ဖြစ်ပါတယ်။

အနောက်ဘက်မှာ 50MP Main, 16MP , 12MP နဲ့ 8MP ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာပါ။ Kirin 9000 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4,400mAh ဘက်ထရီနဲ့ 66W Charging Support တွေ ပါလာမှာပါ။ ၂၉၅ ဂရမ် အလေးချိန်ရှိပြီး အရွယ်အစား အပြည့်အစုံမှာ 161.8 x 145.8 x 8.2mm ဖြစ်မယ်လို့ သိရပါတယ်။ Android 10 ပါလာမှာပါ။

လက်ရှိမှာ Huawei Mate X2 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မယ်လို့ ထင်ပါတယ်။

Ref : gizmochina

%d bloggers like this: