Redmi Note 9S အတွက် Android 11 ရပြီ

အိန္ဒိယမှာ Redmi Note 9 Pro နာမည်နဲ့ ရောင်းချထားပြီး တခြားနိုင်ငံတွေမှာ Redmi Note 9S နာမည်နဲ့ ကြေညာထားတဲ့ ဖုန်းအတွက် Android 11 OS Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ Update ရဲ့ Version Number က MIUI 12.0.1.0 RJWMIXM ဖြစ်ပြီး ဖိုင်အရွယ်အစားက 2.3GB တောင် ရှိတဲ့အတွက် ဝိုင်ဖိုင် ဆက်သွယ်မှုနဲ့ပဲ ဒေါင်းလုပ်လုပ်သင့်ပါတယ်။

Redmi Note 9S အတွက် Android 11 OS Update မှာ ဇန်နဝါရီလအတွက် Security Patch ထည့်သွင်းထားပါတယ်။ Chat Bubbles နဲ့ One-time Premissions တွေ ပါလာပြီး မီဒီယာ ထိန်းချုပ်မှုတွေ ပိုကောင်းလာပါတယ်။ ဒါ့အပြင် Android 11 OS ရဲ့ လုပ်ဆောင်ချက်များစွာ ထည့်သွင်းထားပါတယ်။

Xiaomi က Redmi Note 9S အတွက် Android 11 OS Update ကို တစ်ကမ္ဘာလုံးအတွက် တစ်ဆင့်ချင်းစီ ဖြန့်ချိပေးနေတဲ့အတွက် သင့် စမတ်ဖုန်းမှာ မရသေးရင် ရက်အနည်းငယ် စောင့်ဆိုင်းရမှာ ဖြစ်ပါတယ်။

Redmi Note 9S ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ သူ့မှာ Redmi Note 9S မှာ ၆.၆၇ လက်မ IPS LCD 1080x2400p မျက်နှာပြင် ပါလာပြီး 20:9 အချိုး ဖြစ်တဲ့အတွက် မျက်နှာပြင် အရှည် ဒီဇိုင်းပါ။ HDR10 ထောက်ပံ့ထားတဲ့အတွက် ရုပ်ထွက်က လန်းမှာဖြစ်ပြီး အရှေ့နဲ့ အနောက်ဘက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Snapdragon 720G မောင်းနှင်ထားပြီး microSD Card စိုက်နိုင်ပါတယ်။ 3.5mm Audio Jack နဲ့ IR Blaster တွေ ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို စတုရန်းပုံအကွက်ထဲမှာ ထည့်ထားပြီး 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 2MP Depth ကင်မရာတွေ ဖြစ်ပါတယ်။ 16MP Punch Hole ကင်မရာပါလာပြီး 120fps Slow-motion ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။

အရွယ်ကြီး 5,020mAh ဘက်ထရီ ပါတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ 18W Charging ထောက်ပံ့ပေးထားပြီး လက်ဗွေရာ ကိရိယာကို အနောက်ကနေ ဘေးဘက်ကို ရွှေ့ထားပါတယ်။

Ref : gsmarena

%d bloggers like this: