Samsung Galaxy M62 ကို ထိုင်းမှာ မှတ်ပုံတင်ထားပြီ

Samsung Galaxy M62 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး အမေရိကန်က FCC ၊ အိန္ဒိယက BIS တို့မှာ မှတ်ပုံတင်ထားပါတယ်။ အခုတော့ ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ NBTC မှာတော့ သူ့ရဲ့ Specs တွေကို ဘာမှ မပြောထားသေးပါဘူး။

Samsung Galaxy M62 မှာ Galaxy Note 10 နဲ့ Note 10+ မှာ ထည့်ထားတဲ့ Exynos 9825 Chipset ထည့်သွင်းထားမယ်လို့ Geekbench မှာ မကြာခင်က တွေ့ခဲ့ရပါတယ်။ အဲဒီ 7nm Chip မှာ Custom M4 Cores ၂ လုံး၊ Cortex-A75 Core ၂ လုံးနဲ့ A55 Core ၄ လုံးကို Mali-G76 MP12 GPU ၊ LTE Modem တွေ ထည့်သွင်းထားမှာပါ။ 6GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။

Samsung Galaxy M62 ကို FCC မှာ မကြာခင်က မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-M62F/DS ဖြစ်ပါတယ်။ FCC မှာ အရွယ်ကြီး 7,000mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် FCC က စာရင်းအရ သူ့မှာ 25W Charger , USB C Port နဲ့ 3.5mm Headphone Jack ပါလာမယ်လို့ ဖော်ပြထားပါတယ်။

FCC မှာ မော်ဒယ်နံပါတ် SM-E625F/DS ကိုလည်း တွေ့လာရပြီ ဖြစ်ပြီး Galaxy F62 လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် Samsung ဟာ မတူညီတဲ့ နိုင်ငံတွေမှာ မတူညီတဲ့ နာမည်တွေနဲ့ ရောင်းချမယ်လို့ ထင်ပါတယ်။

FCC က အဲဒီ စမတ်ဖုန်းရဲ့ အသေးစိတ် Specifications တွေကို မပြောသေးပေမယ့် Geekbench က စာရင်းအရ SM-E625F မှာ Exynos 9825 SoC , 6GB RAM နဲ့ Android 11 တွေ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

Ref : gsmarena

%d bloggers like this: