အဓိက Specs တွေ ထွက်လာတဲ့ OPPO Find X3 Pro

OPPO Find X3 Pro ရဲ့ သတင်းတွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပြီး သူ့ကို ၂၀၂၁ ခုနှစ် ပထမ ၃ လအတွင်း ကြေညာနိုင်ပါတယ်။ အခုတော့ သူ့ရဲ့အဓိက Specs တွေ Cloud အခြေပြု Testing Platform ၁ ခုကနေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

အဲဒီ စမ်းသပ်တဲ့ မော်ဒယ်မှာ 12GB RAM နဲ့ 256GB Storage ထည့်သွင်းထားပြီး Android 11 အခြေပြု Color OS 11.2 မောင်းနှင်ထားပါတယ်။ Snapdragon 888 Chipset မှာ 2.84GHz Prime Core ၁ လုံး၊ 2.42GHz အရွယ်ကြီး Core ၃ လုံးနဲ့ 1.80GHz အရွယ်သေး Core ၄ လုံး ထည့်သွင်းထားတဲ့အတွက် Global Version ဖြစ်ပါတယ်။ 16MP Main ကင်မရာလို့ ဖော်ပြထားပေမယ့် Post-binning Resolution ဖြစ်နိုင်ပြီး စုစုပေါင်း အနောက်ကင်မရာ ၄ လုံး ထည့်သွင်းထားမှာပါ။

သူ့မှာ 65W Fast Charging ပါလာနိုင်ပြီး အားသွင်းနှုန်းဟာ အရင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ပိုမြန်မယ်လို့ သိရပါတယ်။ OPPO က နောက်ထုတ်မယ့် Find X ဖုန်း အသစ်မှာ Snapdragon 888 Chipset ပါမယ်လို့ သတင်းပေးထားပြီး အဲဒီဖုန်းဟာ OPPO Find X3 Pro ဆိုတာ သေချာပါတယ်။ မကြာခင်က သူ့ရဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ သူ့မှာ ၆.၇ လက်မ Quad HD+ OLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး 120Hz Refresh Rate ထောက်ပံ့ထားမှာပါ။ 50MP Sony IMX766 Sensor , 13MP Telephoto နဲ့ 3MP Macro ကင်မရာ ၃ လုံး ပါလာမှာ ဖြစ်ပြီး 25x Zoom ထောက်ပံ့ထားမှာပါ။

အထူက ၈ မီလီမီတာရှိမှာ ဖြစ်ပြီး အလေးချိန်က ၁၉၀ ဂရမ်လောက် ရှိမှာပါ။ 65W SuperVOOC 2.0 နဲ့ 30W VOOC Air Wireless Charging ပါတဲ့ 4500mAh ဘက်ထရီ ထည့်ထားမှာပါ။

OPPO Find X3 Pro rumoured specifications

• 6.7-inch ( 1440 x 3216 pixels) Quad HD+ OLED 20.1:9 display with HDR10+, 10Hz-120Hz adaptive refresh rate, 525PPI, end-to-end 10-bit color support
• 2.84GHz Octa-Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• Android 11 with ColorOS 11
• Dual SIM (nano + nano)
• 50MP camera with Sony IMX766 sensor, OIS, 50MP 120° ultra-wide Sony IMX766 sensor,13MP telephoto camera, OIS, 3MP macro camera
• In-display fingerprint sensor
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.2, GPS/GLONASS, dual-antenna NFC, USB Type-C
• 4500mAh (Typical) battery with 65W SuperVOOC 2.0 flash charge, 30W VOOC Air wireless charging

OPPO Find X3 Pro အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားမှာ ဖြစ်ပြီး နောက်ပိုင်းမှာ အဖြူရောင် ထွက်လာနိုင်ပါတယ်။

Ref : fonearena

%d bloggers like this: