SD888 , 6,000mAh ဘက်ထရီ ပါလာနိုင်တဲ့ Asus ROG Phone 5

Asus ဟာ နောက်မျိုးဆက် Gaming ဖုန်း အသစ်ကို တရုတ်က TENAA နဲ့ MIIT မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်တဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။ အဲဒီမှာ Asus ROG Phone 5 ရဲ့ ဓါတ်ပုံနဲ့ Specs တချို့ကို ဖော်ပြထားပါတယ်။

အနောက်ဘက်မှာ ROG Logo ကို Dot Matrix Aura Lighting ဒီဇိုင်းနဲ့ ပြသထားပြီး ဆော့ဖ်ဝဲနဲ့ Customize လုပ်နိုင်ပါတယ်။ အလားတူ Dot Matrix ဒီဇိုင်းပါတဲ့ Lightning Armor Case ကို ROG Phone 3 အတွက် ထုတ်လုပ်ပေးခဲ့ပါတယ်။

သူ့မှာ ၆.၇၈ လက်မ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး လက်ဗွေရာ အာရုံခံ ကိရိယာကိုလည်း မျက်နှာပြင်အောက်မှာ မြှပ်နှံထားမှာပါ။ FHD+ လား QHD+ လားတော့ မသိရသေးပါဘူး။ 144Hz Refresh Rate ထည့်ထားမှာ သေချာသလောက်ရှိပါတယ်။

သူ့ရဲ့ မော်ဒယ်နံပါတ်က I005DA ဖြစ်ပြီး စွမ်းရည်မြင့် Snapdragon 888 Chipset နဲ့ အရွယ်ကြီး 6,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။ 3,000mAh ဘက်ထရီ ၂ လုံးကို တွဲဆက်ထားတဲ့ ဒီဇိုင်း ဖြစ်တဲ့အတွက် အားသွင်းနှုန်း အရမ်းမြန်မှာ သေချာပါတယ်။ 65W Charger ပါလာမယ်လို့ 3C မှာ ဖော်ပြထားပါတယ်။

အနောက်ဘက်မှာ 64MP Main အပါအဝင် ကင်မရာ ၃ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး အပို မျက်နှာပြင် အသေးလေးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာပါ။ အရင်ပေါက်ကြားခဲ့တဲ့ ဗီဒီယို အရ အဲဒီ မျက်နှာပြင်လေးရဲ့ အလုပ်လုပ်ပုံကို သိခဲ့ရပြီး ဝင်လာတဲ့ Notification တွေကို Preview ပြသပေးပါတယ်။ Teaser Poster အရ သူ့ကို မတ်လကုန်နဲ့ ဧပြီလလယ်ကြားမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: