Foldable မျက်နှာပြင်တွေကို တရုတ် ကုမ္ပဏီတွေကို ရောင်းမယ့် Samsung

လက်ရှိမှာ Foldable မျက်နှာပြင်‌တွေ ထုတ်လုပ်နိုင်တဲ့ ကုမ္ပဏီဆိုတာ လက်ချိုးရေလို့ရပါတယ်။ တောင်ကိုရီးယားက Samsung နဲ့ LG ၊ တရုတ်က BOE နဲ့ CSOT တို့ ဖြစ်ပါတယ်။ Huawei ဟာ Samsung Display ဆီကနေ ဝယ်ယူဖို့ စီစဉ်ခဲ့ပေမယ့် အမေရိကန်ရဲ့ ပိတ်ပင်မှုကြောင့် အခက်တွေ့ခဲ့ရပါတယ်။ အဲဒီအတွက် Huawei ဟာ BOE ဆီက Foldable မျက်နှာပြင်တွေကိုပဲ သုံးခဲ့ရပါတယ်။

အခုတော့ Samsung Display ဟာ တရုတ် ကုမ္ပဏီတွေကို Foldable မျက်နှာပြင် ရောင်းချဖို့ သဘောတူထားပြီးပြီလို့ သတင်းထွက်လာပါတယ်။ ဒီနှစ်မကုန်ခင် ၁ သန်းလောက် ထုတ်လုပ်ပေးမှာ ဖြစ်ပြီး ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း မျက်နှာပြင်တွေ စတင်ထုတ်လုပ်မှာပါ။

Samsung ဟာ Z Fold လို အရွယ်ကြီး Foldable မျက်နှာပြင်တွေနဲ့ Z Flip လို အရွယ်သေး Foldable မျက်နှာပြင်တွေကို တရုတ် ကုမ္ပဏီတွေအတွက် ထုတ်လုပ်ပေးမှာပါ။ အဲဒီအတွက် Foldable ဖုန်းတွေ ဒီနှစ်လယ်လောက်မှာ အပြိုင်အဆိုင် ထွက်လာနိုင်ပါတယ်။ Xiaomi , OPPO , Vivo တို့ရဲ့ Foldable ဖုန်းတွေ ဒီနှစ်ထဲ ထွက်လာနိုင်ပါတယ်။

Samsung ဟာ ဒီနှစ်မှာ Foldable မျက်နှာပြင် ၁ သန်းကို တရုတ် ကုမ္ပဏီတွေကို ရောင်းမှာ ဖြစ်ပြီး ၉ သန်းကို Samsung ကိုယ်တိုင် သုံးမှာပါ။

Ref : gsmarena

%d bloggers like this: