SD888 ပါလာမယ့် Samsung Galaxy Tab S8 Series

အရင်နှစ် ဩဂုတ်လမှာ ကြေညာခဲ့တဲ့ Smsung Galaxy Tab S7 Series ရဲ့ မျိုးဆက်သစ် တက်ဘလက်တွေရဲ့ သတင်းတွေ စထွက်လာပါပြီ။ အရင်မျိုးဆက်လိုပဲ Tab S8 နဲ့ S8+ ၂ လုံး ထွက်လာမှာ ဖြစ်ပြီး ၂ လုံးစလုံးမှာ Snapdragon 888 Chipset ပါလာမှာပါ။

Tab S8 မှာ ၁၁ လက်မ LCD မျက်နှာပြင်ထည့်ထားမှာ ဖြစ်ပြီး ပါဝါခလုတ်အောက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားနိုင်ပါတယ်။ Tab S8+ မှာ ၁၂.၄ လက်မ AMOLED မျက်နှာပြင် ပါလာမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ အဆင့်မြှင့်ထားနိုင်ပါတယ်။ ၂ လုံးစလုံးမှာ 120Hz Refresh Rate နဲ့ 25W Fast Charging ထောက်ပံ့ထားနိုင်ပါတယ်။ Tab S7 , S7+ ရဲ့ 45W Rapid Charging ထက် အားနည်းသွားတာက သိပ်မမိုက်ပါဘူး။

Tab S8 မှာ အရင်မျိုးဆက် Tab S7 မှာလို 8,000mAh ဘက်ထရီနဲ့ Tab S8+ မှာလည်း Tab S7+ မှာလို 10,090mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ Galaxy Tab S8 Series မှာ 8GB /12GB RAM နဲ့ 128GB/256GB/512GB Storage တွေ ထည့်သွင်းထားနိုင်ပါတယ်။

Tab S8 Series မှာ အရင်မျိုးဆက်ထက် နည်းနည်းပဲ တိုးတက်လာမယ်လို့ သတင်းထွက်လာပေမယ့် Software အပိုင်းမှာ အရမ်းတိုးတက်လာနိုင်ပါတယ်။ Tab S7 ကို ၆၄၉ ဒေါ်လာ၊ Tab S7+ ကို ၈၄၉ ဒေါ်လာနဲ့ ရောင်းပေးခဲ့တာဖြစ်ပြီး ၈ သိန်း ၆ သောင်းနဲ့ ၁၁ သိန်း ၃ သောင်းလောက်တန်ပါတယ်။ Tab S8 Series ကိုလည်း အဲဒီဈေးလောက်နဲ့ ရောင်းနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: