Vivo ရဲ့ iQOO Brand ကနေ နောက်ထုတ်မယ့် ဖုန်း အသစ်ရဲ့ သတင်းတွေ စတင် ထွက်လာပါပြီ။ iQOO 9 လို့ နာမည်ပေးထားပြီး အရင်မျိုးဆက် iQOO 7 ထက် ဘက်ထရီ အရွယ်အစား ပိုကြီးမားသွားမယ်လို့ သိရပါတယ်။ iQOO 7 ပြီးတော့ iQOO 8 ကို ဘာလို့ကျော်သွားတာလဲ ဆိုတာ မသိပါဘူး။
iQOO 9 မှာ 2155mAh ဘက်ထရီ ၂ ခုကို တွဲဆက်ထားမယ်လို့ သတင်းထွက်လာတဲ့အတွက် iQOO 3 လို 4400mAh ဘက်ထရီလောက် ဖြစ်သွားနိုင်ပါတယ်။ အားသွင်းနှုန်းမြန်အောင် ဘက်ထရီ ၂ ခု တွဲဆက်ထားတဲ့ ဒီဇိုင်းကို အခုနောက်ပိုင်းမှာ အသုံးပြုလာကြပါတယ်။
iQOO 9 မှာ iQOO 7 နဲ့ iQOO 5 Pro မှာလို 120W Fast Charging ထည့်သွင်းထားနိုင်ပြီး ဒုတိယနှစ်ဝက်လောက်မှာ ကြေညာနိုင်ပါတယ်။
အရင်မျိုးဆက် iQOO 7 မှာ Snapdragon 888 Chipset ထည့်ထားပေမယ့် iQOO 5 Pro မှာလို 4,000mAh ဘက်ထရီပဲ တပ်ဆင်ထားပါတယ်။ iQOO 9 မှာတော့ ဘက်ထရီ သက်တမ်း ပိုကောင်းလာနိုင်ပါတယ်။ Vivo က iQOO Brand ကနေ စွမ်းရည်မြင့် Gaming စမတ်ဖုန်းတွေကို ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။
Ref : gizmochina
You must log in to post a comment.