Xiaomi က Mi A3 တွေ Brick မဖြစ်တဲ့ နောက်ထပ် Update ကို ဖြန့်ချိ

Xiaomi Mi A3 User တွေ Android 11 တင်ပြီးနောက်မှာ Brick ဖြစ်သွားတဲ့ ပြဿနာတွေ မကြာခင်က ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်မှာ Xiaomi က အဲဒီ ပြဿနာကို ဖြေရှင်းပေးတဲ့ Software Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ Build Number က 12.0.3.0.RFQMIXM ဖြစ်ပြီး ဖိုင်အရွယ်အစားက 1.4GB လောက်ရှိပါတယ်။ Changelog က ပထမ Update အတိုင်းပဲ ဖြစ်ပြီး Android 11 OS ရဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ ဒါ့အပြင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလရဲ့ Security Patch ထည့်သွင်းထားပါတယ်။

ဒါပေမယ့် ဒုတိယမြောက် Android 11 Build မှာ Built-in Screen Recorder လို လုပ်ဆောင်ချက် တချို့ မပါလာခဲ့သလို Android Security Patches အသစ်လည်း မထည့်သွင်းထားပါဘူး။ အခုတော့ Xiaomi က တတိယ Update ကို ထုတ်ပေးလိုက်ပြီး Screen Recorder လုပ်ဆောင်ချက်နဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွက် Security Patches ၂ ခုစလုံး ပါလာပါတယ်။ YouTube Music App ဟာ Android System App ဖြစ်လာပါတယ်။ Global Version Built Number က V12.0.4.0.RFQMIXM ဖြစ်ပြီး ဖိုင်အရွယ်အစားက 329MB ဖြစ်ပါတယ်။

ပထမ Update ကို တင်ပြီးတဲ့ ဖုန်းတွေမှာ Brick ဖြစ်သွားတဲ့အတွက် ဆိုင်မှာ သွားပြင်ရမှာ ဖြစ်ပြီး Xiaomi က Brick ဖြစ်သွားတဲ့ ဖုန်းတွေကို အခမဲ့ ပြုပြင်ပေးမယ်လို့ ပြောပါတယ်။

Mi A3 ရဲ့ Software Update တွေမှာ ပြဿနာတွေရှိခဲ့ဖူးပါတယ်။ ၂၀၂၀ ဇူလိုင်လက ဖြန့်ချိခဲ့တဲ့ Update ဟာ Dual SIM Function ပျက်ဆီးသွားစေခဲ့ပါတယ်။ ဒါပေမယ့် ကုမ္ပဏီက အဲဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။ ၂၀၂၀ ဖေဖော်ဝါရီလမှာလည်း Android 10 Update မှာ ပြဿနာတွေ ပါလာခဲ့ပြီး ရက်အနည်းငယ်အကြာမှာ Update ကို ရပ်နားခဲ့ပါတယ်။ ဧပြီလမှာတော့ အမှားတွေ ပြင်ဆင်ထားတဲ့ Android 10 Update ကို ပြန်ဖြန့်ချိခဲ့ပါတယ်။

Ref : gizmochina

%d bloggers like this: