Android 11 Stable Update ရသွားတဲ့ LG Velvet 5G

LG က ၂၀၂၀ မှာ ဒီဇိုင်းဆန်းသစ်တဲ့ LG Velvet 5G ကို ကြေညာ ရောင်းချခဲ့ပါတယ်။ ဒီဇင်ဘာလထဲမှာ သူ့အတွက် Android 11 Beta Build ကို ထုတ်ပေးခဲ့ပြီး ပြဿနာ ကြီးကြီးမားမား မရှိတဲ့အတွက် အခုပဲ Android 11 Stable Update ကို ဖြန့်ချိပေးလိုက်ပါတယ်။ Update ရဲ့ Version က G900N2C ဖြစ်ပြီး ဖိုင်အရွယ်အစားက 2.2GB လောက် ရှိပါတယ်။

LG introduces new era of mobile elegance with the new LG VELVET™ 5G (CNW Group/LG Electronics Canada)

Update မှာ ပါတဲ့ လုပ်ဆောင်ချက်တွေကို မသိရသေးပေမယ့် Android 11 လုပ်ဆောင်ချက်‌တွေ ပါလာမှာ သေချာပါတယ်။ UI ဒီဇိုင်းကို ဆန်းသစ်ထားနိုင်ပြီး လက်ရှိ တောင်ကိုရီးယားမှာပဲ ဖြန့်ချိပေးထားပါတယ်။ မကြာခင်မှာ နိုင်ငံတကာအတွက် ရနိုင်ပါတယ်။

LG Velvet ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ အဲဒီဖုန်းကို တချို့နိုင်ငံတွေမှာ Snapdragon 765G 5G Chipset ထည့်ထားပြီး တချို့မှာ Snapdragon 845 4G Chipset ပါလာပါတယ်။ အခု Update ရတာက 5G Version ပါ။

LG Velvet ဟာ စမတ်ဖုန်း နယ်ပယ်မှာ ပြန်လည် အောင်မြင်ဖို့အတွက် LG ရဲ့ ဆန်းသစ်တဲ့ ဖုန်း ဖြစ်ပြီး ဒီဇိုင်းနဲ့ အသုံးပြုမှုကို အသားပေးထားပါတယ်။ အနောက်ဘက် ကင်မရာ ဒီဇိုင်းဟာ မိုးရေစက်ကျလာတဲ့ ပုံစံက ထူးခြားလှပပါတယ်။ LG က Velvet ဟာ ချောမွတ်မှုနဲ့ နူးညံ့မှုကို ရည်ရွယ်တယ်လို့ ပြောပြီး အဲဒီ စွမ်းရည် ၂ ခုဟာ ဖုန်းအသစ်ရဲ့ အဓိက အရာတွေ ဖြစ်လာပါတယ်။ Aurora White, Aurora Gray, Aurora Green နဲ့ Illusion Sunset အရောင်တွေ ထုတ်လုပ်ထားပါတယ်။

သူ့ရဲ့ Specs တွေကို အောက်မှာ လေ့လာနိုင်ပါတယ်။

LG VELVET 5G specifications

• 6.8-inch (2340 × 1080 pixels) Full HD+ 20.5: 9 aspect ratio OLED display
• Snapdragon 765G 5G Chipset Mobile Platform with Adreno 630 GPU
• 6GB RAM, 128GB storage, expandable memory up to 1TB with microSD
• Android 10
• Dual SIM
• 48MP rear camera with f/1.8 aperture, PDAF, LED flash, 8MP 120° ultra-wide lens with f/2.2 aperture, 5MP depth sensor with f/2.4 aperture
• 16MP front-facing camera with f/1.9 aperture
• In-display fingerprint sensor
• 3.5mm audio jack, stereo speakers
• Dimensions: 167.2×74.1×7.9mm; Weight: 180g
• Water, dust resistant (IP68), MIL-STD 810G certified
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.0, GPS/GLONASS/Beidou, NFC, USB Type-C
• 4300mAh (Typical) battery with fast charging, 10w wireless charging

Ref : gsmarena, fonearena

%d bloggers like this: