realme က Android 11 အခြေပြု realme UI 2.0 ကို စမတ်ဖုန်း ၆ လုံးအတွက် ဖြန့်ချိပေး

realme က အိန္ဒိယမှာ Android 11 အခြေပြု realme UI 2.0 Early Access Program ကို စမတ်ဖုန်း ၆ လုံးအတွက် ပြုလုပ်ပေးလိုက်ပါတယ်။ အဲဒီ စမတ်ဖုန်းတွေက Realme 6, Realme C12, Realme C15, Realme X2, Realme X3 နဲ့ Realme X3 SuperZoom တို့ ဖြစ်ပါတယ်။

Android 11 အခြေပြု realme UI 2.0 ကို မြည်းစမ်းချင်သူတွေဟာ စမတ်ဖုန်းမှာ Settings> Software Update ထဲကို သွားပြီး ညာဘက်ထိပ်က Gear Icon ကို နှိပ်ကာ Trial Version ကို နှိပ်ရမှာပါ။ ပြီးရင် လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ထည့်သွင်းပေးရမှာပါ။

သင့် လျှောက်လွှာကို လက်ခံရင် OTA ကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။ အကန့်အသတ်နဲ့ ပြုလုပ်ပေးတာကို သတိပြုပါ။ လိုချင်ရင်တော့ လက်သွက်မှ ရမှာပါ။

Early Access Build ဖြစ်တဲ့အတွက် Stable Version လောက် တည်ငြိမ်မှာ မဟုတ်ပါဘူး။ realme က အဲဒီ Build မှာ ပါတဲ့ Error တွေကိုလည်း ရှင်းပြထားပါသေးတယ်။

Ref : gsmarena

%d bloggers like this: