(၁) သိန်းခွဲ ပတ်ချာလည် ဈေးအသက်သာဆုံး မိုဘိုင်းဖုန်းများ နှိုင်းယှဉ်ချက်

 

အခု နှိုင်းယှဉ်ဖော်ပြထားတဲ့ မိုဘိုင်းဖုန်းတွေ ဟာ နိုင်ငံတကာ အင်တာနက် ဝက်ဘ်ဆိုဒ် စာမျက်နှာတွေမှာ ဖော်ပြထားတဲ့ မိုဘိုင်းဖုန်းတွေကို နှိုင်းယှဉ်ဖော်ပြထားခြင်း ပဲ ဖြစ်ပါတယ်။ အဲဒီအထဲက တချို့ဖုန်းတွေဟာ ပြည်တွင်းဈေးကွက် ကို ရောက်ရှိလို့ နေပြီး တချို့ကတော့ သယ်ယူပို့ဆောင်ရေး ခက်ခဲကြန့်ကြာမှု လမ်းစဉ်မှာပဲ ခရီးစဉ်သွားခဲ့ရပြီး ပြည်တွင်းဈေးကွက်ကို ရောက်မလာနိုင်ခဲ့ပါဘူး။ အဲဒီအတွက် တချို့ဖုန်းတွေကို စိတ်ဝင်စားဖို့ကောင်းတယ်။ သုံးစွဲချင်တယ် ဆိုရင်တော့ နိုင်ငံတကာကို လှမ်းပြီး မှာယူရရှိနိုင်တဲ့ အွန်လိုင်းအရောင်းအဝယ်တွေကနေ တဆင့် မှာယူရလိမ့်မယ် ထင်ပါတယ်။ ဖုန်းတွေရဲ့ ဈေးနှုန်းကို လည်း နိုင်ငံတကာ ရဲ့ ယူရို၊ ပေါင် ..စတဲ့ ဈေးနှုန်းအသီးသီး ကို မြန်မာ ငွေကြေး နဲ့ ယှဉ်တွဲတွက်ချက်ပြထားပါတယ်။ တွက်ချက်တဲ့ ရက်စွဲကိုလည်း ထည့်သွင်းဖော်ပြပေးထားတဲ့အတွက် ကိုယ်ဝယ်ယူတဲ့အချိန်မှာ ရောက်ရှိနေတဲ့ ဈေးနှုန်း အနိမ့်၊ အမြင့် ၊ အတက် ၊အကျ တော့ အထိုက်အလျောက် ရှိပါလိမ့်မယ်။
( ၁ ပေါင် = ၁.၃၃ ဒေါ်လာ)
( ၁ ဒေါ်လာ = ၁၂၀၈ ကျပ်)
(တွက်ချက်သည့်နေ့ရက် – ၃ စက်တင်ဘာ ၂၀၁၆)

၁

Oppo F1 (£169)

– ကောက်ကြောင်း
Oppo ဟာ ဈေးကွက်ကို ဝင်လာတာ မကြာသေးပါဘူး။ ဈေးကွက်မှာလည်း လူသိနည်းနေသလို ယုံကြည်မှု တည်ဆောက်ဖို့ အရှိန်ယူနေဆဲပါပဲ။ ဒါပေမဲ့ Oppo F1 ကတော့ လူငယ်အများအပြား ရဲ့ ယုံကြည်မှုကို ရရှိခဲ့ပါပြီ။
လူငယ်တွေ ဘာလုပ်သလဲ ။ ဓါတ်ပုံရိုက်မယ်။ ဂိမ်းဆော့မယ်။ ကလိမယ် ။ အဲဒီ သုံးချက်စလုံး အတွက် ပြည့်စုံစေတဲ့ F1 ပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်မယ် ကို စပြောရအောင်။ ဆဲလ်ဖီး ဘုရင်လို့ ကြွေးကြော်ခဲ့သလို အကောင်းဆုံး ဓါတ်ပုံပညာ ကို သုံးစွဲသွားနိုင်ခဲ့ပါတယ်။ F1 ဟာ ColorOS ကို သုံးစွဲထားပါတယ်။ အဲဒီ OS ကို Google Now Laucher နဲ့ အသက်ဝင်စေပြီး Themes နဲ့ Run လိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ မျက်နှာပြင် ကို လှပသွားစေပါတော့တယ်။ Camera360 ကို OS မှာ ငုံပြီး ဓါတ်ပုံလုပ်ဆောင်ချက်ထဲမှာ Plugin တစ်ခုအနေနဲ့ လုပ်ဆောင်ချက် ထည့်သွင်း လိုက်သလိုပါပဲ။ ဒါဟာ ဆဲလ်ဖီးကို ရုပ်လုံးကြွစေပါတယ်။ ဓါတ်ပုံလုပ်ဆောင်ချက် က တာသွင်းတဲ့အခါမှာ ပေါင် ၃၀၀ လောက်ကို တန်လုနီးပါး စိတ်ထဲက ထင်မြင်လာရတဲ့အထိပါပဲ။ ကလိဖို့အတွက်ရော ၊ ဂိမ်းဆော့ဖို့အတွက်ရော ..ရယ်ဒီ။

– သင့်ငွေ
– မြန်မာ ကျပ်  ၂ သိန်း ၇ သောင်း ကျော်

အသေးစိတ်

Operating system: Android 5.1
• Screen: 5in 1280×720
• Processor: Qualcomm Snapdragon 616 octa-core
• RAM: 3GB
• Camera: 13MP rear, 8MP front
• Storage: 16GB

– ပြောရေးဆိုခွင့်
(Stuff Magazine –  ဒါ ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူး ။ ထူးခြားတယ်။ ဒါပေမဲ့ ဒီငွေကြေး နဲ့ ဒီ အရည်အသွေးကို ရဖို့တော့ ရှားသား လား …..။)

2

Lenovo Moto G4 (£169)

– ကောက်ကြောင်း
ခေတ်ကိုက လူသစ်တွေရဲ့ ခေတ်ဖြစ်နေတဲ့အချိန်မှာ တချိန်တုန်းက ဇ ရှိခဲ့သူတွေက အပြေးအလွှား လိုက်နေရတဲ့ တရားသဘော ကို နည်းပညာလောကမှာ တွေ့ရတယ်။ မိုက်ခရိုဆော့ဖ် ကိုပဲ ကြည့်လေ၊ အဲဒီလိုပဲ မော်တာရိုလာ ဆိုတာ လည်း တချိန်တုန်း က ဘုရင်တဆူ ဖုန်း၊ အခုတော့ တော်တော်ကြိုးစားနေရတယ်။
အခုတော့ မော်တာရိုလာ ရဲ့ ကြိုးစားမှုတွေ အရာထင်ပါပြီ။ Moto G4 ဟာ ပေးရတဲ့ ငွေကြေး နဲ့ လိုက်ဖက်ညီမဲ့ ဖုန်းတစ်လုံး ဖြစ်ခဲ့ပါတယ်။ သုံးနှစ်လောက် ကိုင်လိုက် ၊ ပြီးရင် လွှတ်ပစ်လိုက် ။ အဲဒီ ၃ နှစ်အတွင်းမှု အရည်အသွေးကို စိတ်ချ အာမခံတယ် လို့ပဲ ပြောရမလား မသိ။  Specs တွေ က အရိုင်းဆန်တယ်။ မော်တာရိုလာ ရဲ့ ထုံးစံအတိုင်း ပါးလျလျ ထုတ်တာတောင်မှာ ၉.၈ မီလီမီတာ ရှိနေသေးတယ်။
မျက်နှာပြင် က ၅.၅ ၊ LG G 5 တို့ ၊ ဆမ်ဆောင်း Note 5 တို့နဲ့ ဆင်တယ်။
ကင်မရာ က ၁၃ လက်မ ( တကယ်လို့ Update ကို ၁ သိန်းလောက် အကုန်ခံပြီး လုပ်လိုက်မယ် ဆိုရင် တော့ 16MP Plus version နဲ့ ကင်မရာ Add ကို ရမယ်။) octa-core Snapdragon 617 CPU ရှိတယ်။
– သင့်ငွေ
– မြန်မာ ကျပ်  ၂ သိန်း ၇ သောင်း ကျော်

အသေးစိတ်
• Operating system: Android 6.0.1
• Screen: 5.5in 1920×1080
• Processor: Qualcomm Snapdragon 617 octa-core
• RAM: 2GB
• Camera: 16MP rear, 5MP front
• Storage: 16GB plus microSD

– ပြောရေးဆိုခွင့်
(Stuff Magazine –  ကျောင်းနေတုန်းအရွယ် က ကိုင်ဖူးတဲ့ မျက်နှာပြင်ကြီးကြီး တော့ ပါလိမ့်မယ်။ ဒါပေမဲ့ ပေးရတာ နဲ့ ပြန်ရတာ ကို တွက်ကြည့်ရင် နံပါတ် ၁ ပါပဲ။)

 

3

Honor 5C (£150)

– ကောက်ကြောင်း
တကယ်လို့ ဆမ်ဆောင်း နဲ့ အက်ပဲလ် က သာ အပေါ့စား ဈေးကွက်ထဲကို မဝင်ဖူးဆိုရင် Huawei ဟာ Honor 5C နဲ့ ဝေစု ခိုင်ခိုင်မာမာ ရဦးမယ့် သဘောရှိပါတယ်။ ကြည်လင်တောက်ပတဲ့ မျက်နှာပြင် က နာမည်ကြီးတံဆိပ်တွေကို အမှီလိုက်မယ့်အရည်အသွေးပါ။
ပြာလဲ့လဲ့ ပင်လယ်ရေမျက်နှာပြင် လို လှပတဲ့ မျက်နှာပြင်၊ ၅.၂ လက်မ ဧရိယာ နဲ့အတူ ကိုယ်ခန္ဓာ ပြောင်းနွဲ့နွဲ့ သဏ္ဍာန်ရှိနေတဲ့ Honor 5C ဟာ ပလပ်စတစ်ဖရိန် နဲ့ ဖြစ်ပါတယ်။ ဟွာဝေး ရဲ့ ကိုယ်ပိုင် စီပီယူ Kirin 650 CPU ကို သုံးစွဲထားပါတယ်။ ထူးထူးခြားခြား ပါဝင်လာတာ က EmotionUI 4.1 software ကို Built-in ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။ ကင်မရာ အရည်အသွေးကလည်း ဒုတိယတန်းစား ကုမ္ပဏီတွေလောက် မနိမ့်ပါဘူး။
– သင့်ငွေ
– မြန်မာ  ကျပ် ၂ သိန်း ၄ သောင်းကျော်

အသေးစိတ်

Operating system: Android 6.0.1
• Screen: 5.2in 1920×1080 LCD
• Processor: HiSilicon Kirin 650 octa-core
• RAM: 2GB
• Camera: 13MP rear, 8MP front
• Storage: 16GB

– ပြောရေးဆိုခွင့်
(Stuff Magazine –  အရည်အသွေး က တန်းမြင့် ၊ ဈေးနှုန်း က မဖြစ်စလောက် ၊ ချက်ချင်း ကို ပါဆယ် ထုတ် ခိုင်းချင်စရာလေး ပါ။ )

 

(ဆက်လက်ဖော်ပြပေးပါမည်။)

 

%d bloggers like this: