SD888 ပါတဲ့ Vivo X60 Pro+ ကို ရောင်းပြီ

Vivo က X60 Pro+ ကို မကြာခင်က ကြေညာခဲ့ပြီး အခုတော့ တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။ 8GB LPDDR5 RAM နဲ့ 128GB UFS 3.1 Storage ကို ၇၇၇ ဒေါ်လာနဲ့ 12/256GB ကို ၉၃၃ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ၁၀ သိန်း ၃ သောင်းနဲ့ ၁၂ သိန်း ၄ သောင်းလောက် အသီးသီးကျသင့်မှာပါ။

သူ့ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ ၆.၅၆ လက်မ FHD+ AMOLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေ ထောက်ပံ့ထားပြီး HDR 10+ ပါပါတယ်။ 32MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံးနဲ့ SD888 ထည့်သွင်းထားပြီး 5G ထောက်ပံ့ထားပါတယ်။

50MP Samsung GN1 Sensor , 48MP Ultrawide , 32MP Portrait (2x Optical Zoom) နဲ့ 8MP 5x Periscope Telephoto (60x Zoom) ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အနောက်ဘက်ကို သားရေနဲ့ ဖုံးအုပ်ထားတဲ့အတွက် နူးညံ့ နွေးထွေးတဲ့ ခံစားမှုရစေပြီး 55W Fast Charging ပါတဲ့ 4,200mAh ဘက်ထရီ ထောက်ပံ့ထားပါတယ်။

Vivo X60 Pro+ specifications

• 6.56-inch (2376×1080 pixels) Full HD+ 19.8:9 E3 AMOLED 120Hz curved HDR10+ display with up to 1300 nits brightness
• Octa Core Snapdragon 888 5nm Mobile Platform with Adreno 660 GPU
• 8GB LPDDR5 RAM with 128GB (UFS 3.1) storage / 12GB LPDDR5 RAM with 256GB (UFS 3.1) storage
• Android 11 with OriginOS 1.0
• Dual SIM
• 50MP camera with Samsung GN1 sensor, f/1.57 aperture, LED flash, OIS + EIS, Zeiss T* coating, 48MP 114° ultra-wide camera with Sony IMX598 sensor, 4-axis OIS, 32MP 50mm portrait camera with f/2.08 aperture, 8MP periscope camera with f/3.4 aperture, OIS, 5x optical zoom, 60x digital zoom, 4K HDR10+ and 8K video recording
• 32MP front-facing camera with f/2.45 aperture
• In-display fingerprint sensor
• USB Type-C Audio, Hi-Fi audio
• Dimensions: 158.59×73.35×9.10mm; Weight: 190g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ax, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, USB Type-C
• 4200mAh battery with 55W fast charging

Vivo X60 Pro+ အတွက် သားရေအုပ်ထားတဲ့ Deep Sea Blue နဲ့ Classic Orange ၂ ရောင် ထုတ်လုပ်ထားပါတယ်။

Ref : gizchina

%d bloggers like this: