SD870 နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Motorola Edge s ကို ကြေညာ

Motorola က တရုတ်မှာ Edge s ကို ကြေညာလိုက်ပြီး ၆.၇ လက်မ Full HD+ LCD မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 90Hz Refresh Rate ထောက်ပံ့ထားပြီး 16+8MP Ultrawide ကင်မရာ ၂ လုံးကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အရှေ့ ကင်မရာကနေ ၁၅ စက္ကန့်ကြာ ဆဲလ်ဖီးဆွဲပြီး နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်က ထူးခြားပါတယ်။

SD870 SoC မောင်းနှင်ထားပြီး 5G ဆက်သွယ်မှု ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာကိရိယာ တပ်ဆင်ထားပြီး 20W Turbo Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။

motorola edge s specifications

• 6.7-inch (2520× 1080 pixels) Full HD+ LCD screen with 21:9 aspect ratio, 90Hz refresh rate, 560 nits brightness, HDR10, DCI-P3 Color Gamut
• Octa Core (1 x 3.2GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 870 7nm Mobile Platform with Adreno 650 GPU
• 6GB / 8GB LPPDDR5 RAM with 128GB (UFS 3.1) storage / 8GB LPPDDR5 RAM with 256GB (UFS 3.1) storage
• Dual SIM (nano + nano)
• Android 11
• 64MP rear camera with f/1.7 aperture, PDAF, LED flash, 16MP 121° ultra-wide angle lens with PDAF, 2.8cm macro, 2MP depth sensor, ToF sensor, audio zoom
• 16MP front-facing camera, 8MP 100° ultra-wide camera
• Side-mounted fingerprint sensor
• 3.5mm audio jack
• Splash resistant (IP52)
• Dimensions: 168.38×73.97×9.63mm; Weight: 215g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 5000mAh (Typical) battery with 20W turbo charging

အဖြူနဲ့ အပြာရောင် ထုတ်လုပ်ထားပြီး 6/128GB ကို ၁,၉၉၉ ယွမ်၊ 8/128GB ကို ၂,၃၉၉ ယွမ်နဲ့ 8/256GB ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပါတယ်။ တန်ဖိုးအနည်းဆုံးဟာ ၄ သိန်း ၁ သောင်းလောက်က စပြီး တရုတ်မှာ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: