Samsung က Galaxy Watch Active2 , Watch 3 က ECG စွမ်းရည်ကို နိုင်ငံပေါင်း ၃၁ ခုအတွက် တိုးချဲ့ပေး

Samsung ဟာ အရင်နှစ်က တောင်ကိုရီးယားအတွက် Galaxy Watch Active2 နဲ့ Galaxy Watch 3 တို့မှာ ECG နဲ့ သွေးပေါင်ချိန်တိုင်းတာတဲ့ စွမ်းရည်ကို မိတ်ဆက်ခဲ့ပါတယ်။ အခုတော့ သက်ဆိုင်ရာ အာဏာပိုင်တွေဆီက ခွင့်ပြုချက် ရသွားတဲ့အတွက် နိုင်ငံအသစ် ၃၁ ခုအတွက် တိုးချဲ့ပြုလုပ်ပေးလိုက်ပါတယ်။

ECG နဲ့ သွေးပေါင်ချိန်တိုင်းတာဖို့ လိုအပ်တဲ့ Companion App ဖြစ်တဲ့ Samsung Health Monitor ကို တောင်ကိုရီးယားက ခွင့်ပြုခဲ့ပြီးပြီ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ CE-marking ရခဲ့တဲ့အတွက် အခုဆိုရင် ဥရောပ ၂၈ နိုင်ငံနဲ့ တခြား ၃ နိုင်ငံအတွက် ဖြန့်ချိပေးလိုက်ပါပြီ။

အဲဒီ နိုင်ငံအသစ်တွေကို အောက်မှာ လေ့လာပါ။

• Austria
• Belgium
• Bulgaria
• Chile
• Croatia
• Czech Republic
• Denmark
• Estonia
• Finland
• France
• Germany
• Greece
• Hungary
• Iceland
• Indonesia
• Ireland
• Italy
• Latvia
• Lithuania
• Netherlands
• Norway
• Poland
• Portugal
• Romania
• Slovakia
• Slovenia
• Spain
• Sweden
• Switzerland
• UAE
• United Kingdom

Ref : fonearena

%d bloggers like this: