realme X7 5G နဲ့ X7 Pro 5G ကို အိန္ဒိယမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကြေညာမှာ သေချာပြီ

realme က အိန္ဒိယမှာ realme X7 နဲ့ X7 Pro ကို နောက်လ ၄ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။ အရင်က သူတို့ကို တရုတ်မှာ ကြေညာရောင်းချထားတာပါ။ အိန္ဒိယမှာ Flipkart ကနေ ရောင်းမှာ ဖြစ်ပြီး သူတို့ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။

X7

X7 မှာ ၆.၄၃ လက်မ FHD+ AMOLED မျက်နှာပြင်ပါလာပြီး Screen-to-body Ratio က ၉၀.၈ ရာခိုင်နှုန်း ရှိပါတယ်။ 32MP Punch Hole ကင်မရာကို အရှေ့ဘက်နဲ့ 64MP အပါအဝင် ကင်မရာ ၄ လုံးကို အနောက်ဘက်မှာ ထည့်သွင်းထားပါတယ်။ 65W Super Dart Fast Charging က 4300mAh ဘက်ထရီကို ၃၃ မိနစ်နဲ့ အားအပြည့်သွင်းပေးနိုင်ပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး အရောင်ပြောင်းတဲ့ ဗားရှင်းလည်း ထွက်လာမှာပါ။

realme X7 5G specifications

• 6.43-inch (2400 × 1080 pixels) Full HD+ 2.5D AMOLED display with Corning Gorilla Glass protection
• Octa Core (4 x 2.4GHz Cortex-A76 + 4 x 2GHz Cortex-A55 CPUs) MediaTek Dimensity 800U (MT6873V) 7nm processor
• 6GB / 8GB LPDDR4x RAM with 128GB (UFS 2.1) storage
• Android 10 with realme UI
• Dual SIM
• 64MP rear camera with LED flash, f/1.8 aperture, 8MP 119° Ultra Wide Lens with f/2.3 aperture, 2MP 4cm macro and 2MP depth sensor with f/2.4 aperture
• 32MP front-facing camera with f/2.5 aperture
• In-display fingerprint sensor
• Super linear speakers, Hi-Res Audio
• Dimensions: 160.9×74.4×8.1mm; Weight: 175g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, NFC, USB Type-C
• 4300mAh (typical) / 4200mAh (minimum) battery with 65W ultra-fast flash charging

ဈေးနှုန်း

• realme X7 6GB + 128GB — 1799 yuan (US$ 263 / Rs. 19,208 approx.)
• realme X7 8GB + 128GB — 2399 yuan (US$ 351 / Rs. 25,605 approx.)

တရုတ်မှာ ၃ သိန်း ၅ သောင်းနဲ့ ၄ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပြီး အိန္ဒိယ ရောင်းဈေးကို မသိရသေးပါဘူး။

X7 Pro

X7 Pro မှာ ၆.၅၅ လက်မ Full HD+ 120Hz Samsung AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး MediaTek Dimensity 1000+ 5G Chipset မောင်းနှင်ထားပါတယ်။ 32MP Punch Hole ကင်မရာကို အရှေ့ဘက်နဲ့ 64MP , 8MP Ultrawide, 2MP Portrait , 2MP Macro ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားပါတယ်။

4500mAh ဘက်ထရီနဲ့ 65W Super Dart Fast Charging တွေ ပါလာပြီး ၃၅ မိနစ်အတွင်းမှာ ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။

realme X7 Pro 5G specifications

• 6.55-inch (2400 × 1080 pixels) Full HD+ 2.5D 120Hz AMOLED display, 1200 nits brightness, Corning Gorilla Glass 5 protection
• Octa-Core (4×A77 2.6GHz + 4×A55 2.0GHz) Dimensity 1000+ 7nm processor with Mali-G77 MC9 GPU
• 8GB LPDDR4x RAM with 128GB / 256GB (UFS 2.1) storage
• Android 10 with realme UI
• Dual SIM
• 64MP rear camera with LED flash, f/1.8 aperture, Sony IMX686 sensor, 8MP 119° Ultra Wide Lens with f/2.25 aperture, 2MP retro portrait lens and 2MP 4cm macro lens with f/2.4 aperture
• 32MP front-facing camera with f/2.45 aperture
• In-display fingerprint sensor
• Super linear Stereo speakers, Dolby Atmos, Hi-Res Audio
• Dimensions: 160.8×75.1×8.5mm; Weight: 184g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5, GPS (L1 + L5)/GLONASS/Beidou, NFC, USB Type-C
• 4500mAh (typical) / 4400mAh (minimum) battery with 65W ultra-fast flash charging

ဈေးနှုန်း

• realme X7 Pro 6GB + 128GB — 2199 yuan (US$ 322 / Rs. 23,470 approx.)
• realme X7 Pro 8GB + 128GB — 2499 yuan (US$ 366 / Rs. 26,685 approx.)
• realme X7 Pro 8GB + 256GB — 3199 yuan (US$ 469 / Rs. 34,160 approx.)

တရုတ်မှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၄ သိန်း ၂ သောင်းလောက် ရှိပြီး အိန္ဒိယ ရောင်းဈေးကို မိတ်ဆက်ပွဲကျမှ သိရမှာပါ။

Ref : fonearena

%d bloggers like this: