OnePlus 9 Series မှာ Periscope Lens မပါလာနိုင်

OnePlus 9 Series အတွက် OnePlus 9 , 9 Pro နဲ့ 9 Lite ဆိုပြီး မော်ဒယ် ၃ မျိုး ထွက်လာနိုင်ပြီး အရင်က သူတို့မှာ Periscope Telephoto ကင်မရာ မပါလာဘူးလို့ သတင်းထွက်ခဲ့ပါတယ်။ အခုလည်း Tipster Max Jambor က ဒီသတင်းမှန်တယ်လို့ ထပ်ပြီး သတင်းပေးလာပါတယ်။

Samsung , Huawei , Xiaomi နဲ့ အမွှာ ကုမ္ပဏီတွေ ဖြစ်တဲ့ OPPO နဲ့ realme တို့မှာ အဲဒီလို ကင်မရာမျိုးကို သုံးထားပြီး OnePlus က ဘာလို့ မသုံးချင်တာလဲဆိုတာ စဉ်းစားစရာပါ။ OnePlus 9 Pro မှာ အရွယ်ကြီး ကင်မရာ ၂ လုံးနဲ့ အရွယ်သေး ကင်မရာ ၂ လုံး ထည့်သွင်းထားမှာပါ။

OnePlus 9 နဲ့ 9 Pro မှာ အသစ်စက်စက် Snapdragon 888 ပါလာနိုင်ပြီး 9 Lite မှာတော့ အရင်နှစ်ထုတ် Snapdragon 865 Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ OnePlus 9 Pro မှာ ၆.၇၈ လက်မ QHD+ 120Hz မျက်နှာပြင်ကွေး ပါလာနိုင်ပြီး ရိုးရိုး 9 မှာ ၆.၅၅ လက်မ FullHD+ မျက်နှာပြင်ပြား ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

ဒါ့အပြင် OnePlus 9 နဲ့ 9 Pro ရဲ့ အထူဟာ ၈ မီလီမီတာနဲ့ ၈.၅ မီလီမီတာ အသီးသီး ရှိပြီး ၂ လုံးစလုံးရဲ့ အလေးချိန်ဟာ ၂၀၀ ဂရမ် မကျော်ဘူးလို့ သိရပါတယ်။ သူတို့ ၂ လုံးစလုံးမှာ 65W Wired Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ Pro Version မှာ 45W Wireless Charging ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: