Samsung Galaxy A72 4G ကို မကြာခင် ကြေညာနိုင်

Samsung Galaxy A72 ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ပေါက်ကြားထွက်ပေါ်နေပါတယ်။ သူ့အတွက် 4G နဲ့ 5G Version ၂ မျိုး ထုတ်လုပ်ထားမှာ ဖြစ်ပြီး Chipset က လွဲကာ တခြား အစိတ်အပိုင်းတွေ တူညီနိုင်ပါတယ်။ အခုတော့ 4G Version ရဲ့ Support Page ကို Samsung Russia Website မှာ တင်လိုက်ပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးသထက်နီးလာပါပြီ။

အရင်က 4G Version ကို Geekbench မှာ တွေ့လာရပြီ ဖြစ်ပြီး Snapdragon 720G Chipset , Android 11 နဲ့ 8GB RAM ပါလာမယ်လို့ ဖော်ပြထားပါတယ်။ မကြာခင်ကပဲ Samsung Galaxy A72 ရဲ့ ဓါတ်ပုံတွေ ထွက်လာခဲ့ပြီး အနောက်ကင်မရာ ၄ လုံး ပါလာပါတယ်။ 64MP Main , 12MP Ultrawide , 5MP Macro နဲ့ 5MP Depth တွေ ဖြစ်တယ်လို့ သတင်းရထားပါတယ်။

မကြာခင်က သူ့ရဲ့ အားသွင်းနှုန်းကို TUV Rheinland မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး 25W Charging ပါမယ်လို့ ဖော်ပြထားပါတယ်။ အရင်မျိုးဆက် A71 မှာလည်း အဲဒီ အားသွင်းနှုန်းပဲ ထည့်ထားတဲ့အတွက် ဘက်ထရီကလည်း A71 မှာလို 4,500mAh ပါလာနိုင်ပါတယ်။

4G Version ကို ယူရို ၄၅၀ နဲ့ ၅၀၀ အကြား၊ 5G Version ကို ယူရို ၅၅၀ နဲ့ ၆၀၀ အကြား ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီဈေးတွေက မသေချာသေးပါဘူး။ Samsung က Galaxy A72 ရဲ့ 4G နဲ့ 5G Version တွေ အကြောင်းကို ဘာမှ မပြောသေးဘဲ ရေငုံနှုတ်ပိတ်နေနေပါသေးတယ်။ ပေါက်ကြားသတင်းတွေအရ ၆.၇ လက်မ Infinity-O AMOLED မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားမှာပါ။

အထူက ၈.၁ မီလီမီတာ ဖြစ်ပြီး ကင်မရာ Bump ပါ ထည့်တွက်ရင် ၉.၉ မီလီမီတာ အထူ ရှိမှာပါ။ နားကြပ်ပေါက် တပ်ဆင်ထားမှာ ဖြစ်ပြီး မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: