Nubia Red Magic 6 ရဲ့ ဒီဇိုင်းပေါက်ကြားလာ

Nubia ဟာ ပြီးခဲ့တဲ့ နှစ်က Red Magic 5S နဲ့ 5G Gaming စမတ်ဖုန်းတွေကို ကြေညာခဲ့ပြီး ဒီနှစ်မှာတော့ Red Magic 6 အလှည့်ရောက်လာပါပြီ။ အခုတော့ Red Magic 6 Tencent Games Edition လို့ထင်ရတဲ့ ဖုန်းရဲ့ ဒီဇိုင်း ဓါတ်ပုံ ပေါက်ကြားလာပြီး ဒီဇိုင်းဟာ Red Magic 5S နဲ့ တော်တော်ကွဲသွားပါတယ်။ အနောက်ကင်မရာတွေကို အလျားလိုက် တပ်ဆင်ထားပြီး အလယ်နားမှာ X ပုံစံ ဒီဇိုင်း ပါလာပါတယ်။ အဲဒီအောက်မှာ Cooling Fan ထည့်ထားမယ်လို့ ထင်ရပြီး အောက်ခြေမှာ Red Magic Logo ကို မြင်ရပါတယ်။ X ပုံစံ ဒီဇိုင်း အထက်မှာ Tencent Games Branding ကို ရေးထွင်းထားပါတယ်။

ရိုးရိုး Red Magic 6 မှာ 66W Charging နဲ့ Pro မှာ အရမ်းမြန်တဲ့ 120W Fast Charging နဲ့ 4,500mAh ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဘက်ထရီ ပမာဏက အရင်နှစ်ထုတ် Red Magic 5S , 5G တွေနဲ့တူညီပါတယ်။ ဒါပေမယ့် အားသွင်းနှုန်းက အရင်မျိုးဆက်ရဲ့ 55W Fast Charging ထက် အများကြီးတိုးတက်လာမှာပါ။

Red Magic 6 ရဲ့ အနောက်ဘက်ဟာ Electrochromic နည်းပညာ ပါလာနိုင်ကာ ခလုတ် ၁ ခု ပါလာပြီး နှိပ်ရင် Trasparent ဖြစ်သွားသလို အရောင်ပြောင်းသွားနိုင်ပါတယ်။ အဲဒီ ဗီဒီယိုကို အောက်မှာ လေ့လာနိုင်ပါတယ်။

ဒီလို အရောင်ပြောင်းတဲ့ နည်းပညာ ပါတဲ့ စမတ်ဖုန်းတွေကို OnePlus နဲ့ Vivo တို့ကလည်း ဖန်တီးနေကြပြီး ဒီနှစ်ထဲမှာ အဲဒီနည်းပညာ ပါတဲ့ ဖုန်းတွေ ထွက်လာနိုင်ပါတယ်။

Nubia က နောက်မျိုးဆက် Z Series စွမ်းရည်မြင့် ဖုန်းမှာ Snapdragon 888 Chipset ပါလာမယ်လို့ အတည်ပြုထားပြီးပါပြီ။ Red Magic 6 ကို ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် Teaser တွေ ထွက်လာပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ သိပ်မလိုတော့ဘူးလို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: