ဈေးသက်သာတဲ့ Xiaomi Mi 11 Lite လာမည်

Xiaomi က Mi 11 ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး Pro Version ကို နောက်လလောက်မှာ ချပြနိုင်ပါတယ်။ အခုတော့ သူ့ကို ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်ပြီး 4G ဖုန်း ဖြစ်ပါတယ်။ FCC က စာရင်းအရ သူ့မှာ MIUI 12 နဲ့ 4,250mAh ဘက်ထရီ ပါမယ်လို့ ဖော်ပြထားပါတယ်။ 6 GB RAM, 128 GB / 256 GB Storage, Bluetooth 5.1, dual-band Wi-Fi နဲ့ 33W Rapid Charging Support တွေ ပါလာမှာပါ။

မကြာခင်က Mi 11 Lite ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ပေါက်ကြားထွက်ပေါ်လာပြီး Snapdragon 732G Chipset မောင်းနှင်ထားမှာပါ။ 6GB RAM , 128GB Storage ထည့်သွင်းထားပြီး IPS LCD FHD+ မျက်နှာပြင် ပါလာမှာပါ။ 120Hz Refresh Rate ထောက်ပံ့ထားမှာ ဖြစ်ပြီး မတ်လမှာ ၃၂၅ ဒေါ်လာလောက်နဲ့ ရောင်းနိုင်ပါတယ်။ ၄ သိန်း ၃ သောင်းလောက်ပဲရှိမှာပါ။

မျက်နှာပြင် အထက်အလယ်မှာ Punch Hole တပ်ဆင်ထားမှာပါ။ မျက်နှာပြင်အောက်က Chin ကတော့ နည်းနည်း ထူပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ဆင်ထားပြီး Mi 11 ရဲ့ ဒီဇိုင်းနဲ့ နည်းနည်း ကွာပါတယ်။ ပင်မ ကင်မရာက 64MP ဖြစ်ပြီး တခြား ၂ လုံးက 8MP နဲ့ 5MP တို့ ဖြစ်မှာပါ။ Ultrawide နဲ့ Macro or Depth တွေ အသီးသီး ဖြစ်နိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: