OnePlus 9 နဲ့ 9 Pro ရဲ့ အဓိက Specs တွေ ထွက်ပေါ်လာ

OnePlus 9 နဲ့ 9 Pro ကို မတ်လမှာ ကြေညာမယ်လို့ သတင်းထွက်နေပြီး ပေါက်ကြားခဲ့ဖူးတဲ့ ဓါတ်ပုံတွေအရ သူတို့မှာ Punch Hole မျက်နှာပြင်တွေ ထည့်သွင်းထားမှာပါ။ အခုတော့ သူတို့ရဲ့ Punch Hole ဟာ ၃.၅ မီလီမီတာလောက်ရှိမယ်လို့ သတင်းထွက်လာပါတယ်။

OnePlus 9 Pro မှာ ၆.၇၈ လက်မ QHD+ 120Hz မျက်နှာပြင်ကွေး ပါလာနိုင်ပြီး ရိုးရိုး 9 မှာ ၆.၅၅ လက်မ FullHD+ မျက်နှာပြင်ပြား ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။

ဒါ့အပြင် OnePlus 9 နဲ့ 9 Pro ရဲ့ အထူဟာ ၈ မီလီမီတာနဲ့ ၈.၅ မီလီမီတာ အသီးသီး ရှိပြီး ၂ လုံးစလုံးရဲ့ အလေးချိန်ဟာ ၂၀၀ ဂရမ် မကျော်ဘူးလို့ သိရပါတယ်။

သူတို့ ၂ လုံးစလုံးမှာ Snapdragon 888 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 65W Wired Charging ထောက်ပံ့တဲ့ 4,500mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ Pro Version မှာ 45W Wireless Charging ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: