Samsung က Galaxy Tab S7 Lite ကို ဖန်တီးနေ

SamMobile က Samsung ဟာ အရင်နှစ်ထုတ် Galaxy Tab S6 Lite ရဲ့ မျိုးဆက်သစ် တက်ဘလက်ကို ဖန်တီးနေတယ်လို့ သတင်းပေးလိုက်ပါတယ်။ မော်ဒယ် ၃ မျိုး ထုတ်လုပ်ထားပြီး WiFi Only, LTE နဲ့ 5G တို့ ဖြစ်ပါတယ်။ မော်ဒယ်နံပါတ်တွေက SM-T730, SM-T735 နဲ့ SM-T736B / SM-T736N တို့ ဖြစ်ကြပါတယ်။

အဲဒီ တက်ဘလက်ရဲ့ နာမည်အတိအကျကို မသိရသေးပေမယ့် တချို့က Galaxy Tab S7 Lite လို့ ပြောနေကြပါတယ်။ တချို့ကလည်း Galaxy Tab S8e လို့လည်း ဆိုနေကြပါတယ်။ ဒါ့အပြင် Lite မော်ဒယ်ရဲ့ Plus Size Version လည်း ဖြစ်သွားနိုင်ပါတယ်။

လက်ရှိမှာ အဲဒီ တက်ဘလက်ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမိုသိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: