ပထမ အသုတ်မှာ ၃ မိနစ်အတွင်း ရောင်းကုန်သွားတဲ့ Honor V40

Honor က တရုတ်မှာ စွမ်းရည်မြင့် V40 5G ကို မနေ့က ကြေညာခဲ့ပါတယ်။ အခုတော့ ပထမ အသုတ် ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအား တော်တော် မိုက်ပါတယ်။ ၃ မိနစ်နဲ့ ၄၆ စက္ကန့်အတွင်း ရောင်းကုန်သွားတယ်လို့ သိရပါတယ်။ Honor က ဒီသတင်းကို ဝီဘိုမှာ ဂုဏ်ယူဝင့်ကြွားစွာ ကြေညာထားပါတယ်။ အဲဒီဖုန်းကို တရုတ်မှာ Honor Mall , JD.com , Tmall နဲ့ တခြား နာမည်ကြီး စတိုးတွေကနေ ရောင်းပေးခဲ့တာပါ။ အဲဒီ စတိုးအားလုံးမှာ ပစ္စည်း လက်ကျန်ကို မရှိတော့တာပါ။

Honor V40 ရဲ့ Specs တွေကို ပြန်လည်လေ့လာကြည့်ရအောင်။ သူ့မှာ ၆.၇၂ လက်မ FHD+ OLED မျက်နှာပြင် ထည့်သွင်းထားပြီး ဘေးဘက်တွေက ကွေးညွှတ်တဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားပြီး အရှေ့ဘက်မှာ 16MP ကင်မရာနဲ့ အပို ToF Sensor ၁ လုံး ထည့်သွင်းထားပါတယ်။ Dimensity 1000+ SoC မောင်းနှင်ထားပြီး GPU Turbo X Graphics Acceleration Engine ပါပါတယ်။

အနောက်ဘက်မှာ 50MP Main, 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်သွင်းထားပြီး အနောက်ဘက်ဟာ တောက်ပြောင်တဲ့ ဖန်ဒီဇိုင်း ဖြစ်ပါတယ်။ 66W Fast Charging က 4,000mAh ဘက်ထရီကို ၁၅ မိနစ်အတွင်း ၀ ကနေ ၆၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 50W Wireless Fast Charging ထောက်ပံ့ထားပါတယ်။

HONOR V40 5G specifications

• 6.72-inch (2676 x 1236 pixels) FHD+ OLED 120 Hz curved display with up to 800 nits brightness
• Octa-Core (4×A77 2.6GHz + 4×A55 2.0GHz) Dimensity 1000+ 7nm processor with Mali-G77 MC9 GPU
• 8GB RAM with 128GB / 256GB storage
• Android 10 with Magic UI 4.0
• Dual SIM (nano + nano)
• 50MP camera with 1/1.56″ RYYB Sony IMX766 sensor, f/1.9 aperture 8MP ultra-wide camera with f/2.4 aperture, 2MP macro camera with f/2.4 aperture, laser autofocus
• 16MP front camera, ToF sensor
• In-display fingerprint sensor
• USB Type-C Audio, Stereo speakers
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.1, GPS/GLONASS, USB Type-C
• 4000mAh (typical) / 3900mAh (minimum) with 66W SuperCharge fast charging, 50W wireless charging

Honor V40 5G အတွက် Titanium Silver , Midnight Black နဲ့ Rose Gold ၃ ရောင် ထုတ်လုပ်ထားပြီး 8/128GB ကို ၃,၅၉၉ ယွမ်နဲ့ 8/256GB ကို ၃,၉၉၉ ယွမ် သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၇ သိန်း ၄ သောင်းနဲ့ ၈ သိန်း ၂ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: