OPPO Reno5 Pro 5G ကို အိန္ဒိယမှာ ရောင်းပြီ

OPPO က ဒီဇင်ဘာလမှာ Reno5 Pro 5G ကို တရုတ်မှာ ကြေညာခဲ့ပြီး အဲဒီမှာပဲ ရောင်းချပေးထားပါတယ်။ အခုတော့ အိန္ဒိယ အလှည့်ရောက်လာပြီ ဖြစ်ပါတယ်။ Astral Blue နဲ့ Starry Black အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB Version ၁ မျိုးပဲ ထုတ်လုပ်ထားပြီး ၃၅,၉၉၀ ရူပီး သတ်မှတ်ထားပါတယ်။ ၆ သိန်းခွဲလောက် ကျသင့်မှာဖြစ်ပါတယ်။ တရုတ်နဲ့ အိန္ဒိယ မော်ဒယ်ရဲ့ Specs တွေက တူညီပြီး အောက်မှာ ပြန်လည် လေ့လာနိုင်ပါတယ်။

သူ့မှာ ၆.၅၅ လက်မ Full HD+ OLED မျက်နှာပြင် ပါလာပြီး 90Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Screen-to-body Ratio က ၉၂.၁ ရာခိုင်နှုန်း ရှိတဲ့အတွက် ဘောင်ပျောက် ဒီဇိုင်းက လှပါတယ်။ MediaTek Dimensity 1000+ SoC မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Wide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး၊ အရှေ့ဘက်မှာ 32MP Punch Hole ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ 65W Super Flash Charge ပါတဲ့ 4300mAh ဘက်ထရီ ပါလာပါတယ်။

OPPO Reno5 Pro 5G specifications

• 6.55-inch (2400 × 1080 pixels) Full HD+ 3D 90Hz OLED display
• Octa-Core (4×A77 2.6GHz + 4×A55 2.0GHz) Dimensity 1000+ 7nm processor with Mali-G77 MC9 GPU
• 8GB LPDDR4x RAM with 128GB (UFS 2.1)
• Android 11 with ColorOS 11.1
• Dual SIM
• 64MP rear camera with f/1.7 aperture, LED flash, 8MP 119° Ultra Wide Lens with f/2.2 aperture, 2MP macro, 2MP mono portrait lens with f/2.4 aperture
• 32MP front-facing camera with f/2.4 aperture
• In-display fingerprint sensor
• USB Type-C Audio
• Dimensions:159.7×73.2×7.6mm; Weight: 173g
• 5G SA/ NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS/GLONASS/Beidou, NFC, USB Type-C
• 4350mAh battery with 65W Super Flash Charge (SuperVOOC 2.0) fast charging

Ref : gsmarena

%d bloggers like this: