ဈေးအရမ်းချိုပြီး 5,000mAh ဘက်ထရီ ပါတဲ့ realme C20 ကို ကြေညာ

realme က ဈေးချိုတဲ့ C Series ထဲက ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပြီး ဗီယက်နမ်မှာ အရင်ဆုံး ရောင်းချမှာပါ။ realme C20 လို့ နာမည်ပေးထားပြီး Helio G35 Chipset ၊ အရွယ်ကြီး ဘက်ထရီနဲ့ အနောက်ကင်မရာ ၁ လုံး ပါပါတယ်။

သူ့မှာ တခြား realme C ဖုန်းတွေမှာလို ၆.၅ လက်မ LCD HD+ မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

အနောက်ဘက်က စတုရန်း အကွက်ထဲမှာ 8MP ကင်မရာ ၁ လုံးနဲ့ LED Flash ၁ လုံး ထည့်သွင်းထားပါတယ်။ စပီကာကိုလည်း အနောက်ဘက်မှာ ထည့်သွင်းထားပြီး အောက်ခြေမှာ နားကြပ်ပေါက်၊ မိုက်ကရိုဖုန်း ၁ လုံးနဲ့ microUSB Port တွေ တပ်ဆင်ထားပါတယ်။

5,000mAh ဘက်ထရီက သူ့ရဲ့ အမိုက်ဆုံး အစိတ်အပိုင်း ဖြစ်ပြီး Android 10 နဲ့ 2GB RAM ပါလာပါတယ်။ 32GB Storage ပါတဲ့ အပြင် microSD Card စိုက်နိုင်ပါတယ်။ အပြာနဲ့ အနက်ရောင် ထုတ်လုပ်ထားပြီး ဗီယက်နမ် ဒေါင် ၂,၄၉၀,၀၀၁ သတ်မှတ်ထားပါတယ်။ ၁ သိန်း ၄ သောင်းလောက်ပဲ ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: