POCO C3 အလုံးရေ အိန္ဒိယမှာ ၁ သန်းကျော် ရောင်းချနိုင်ပြီ

POCO က တန်ဖိုးနည်း C3 ကို အိန္ဒိယမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက ကြေညာခဲ့ပြီး အခုလက်ရှိအချိန်အထိ အလုံးရေ ၁ သန်းကျော် ရောင်းချထားနိုင်ပြီလို့ ကြွားလိုက်ပါတယ်။ POCO ဟာ Flagship Killer Brand အဖြစ် စတင် တည်ထောင်ခဲ့တာ ဖြစ်ပေမယ့် ၂၀၂၀ မှာတော့ တန်ဖိုးနည်း ဖုန်းတွေကို စတင် ထုတ်လုပ်ခဲ့ပါတယ်။

POCO C3 ဟာ တကယ်တော့ ဖုန်း အသစ် မဟုတ်ဘဲ Redmi 9C ကို အိန္ဒိယမှာ နာမည်ပြောင်း ရောင်းချတာပါ။ POCO C3 မှာ ၆.၅၃ လက်မ HD+ LCD မျက်နှာပြင်၊ MediaTek Helio G35 SoC နဲ့ 10W Charging ပါတဲ့ 5,000mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 5MP ကင်မရာ ၁ လုံး ပါလာပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး Two-tone ဒီဇိုင်းကို အနောက်ဘက်မှာ သုံးထားပါတယ်။

POCO C3 specifications

• 6.53-inch (1600 x 720 pixels) HD+ 20:9 IPS LCD Dot Drop screen
• 2.3GHz Octa Core MediaTek Helio G35 processor with IMG PowerVR GE8320 GPU
• 3GB LPDDR4x RAM with 32GB (eMMC 5.1) storage / 4GB LPDDR4x RAM with 64GB (eMMC 5.1) storage, expandable memory up to 512GB with microSD
• Dual SIM (nano + nano + microSD)
• Android 10 with MIUI 12
• 13MP rear camera with LED flash, f/2.2 aperture, 2MP macro 4cm camera and 2MP depth sensor with f/2.4 aperture
• 5MP front camera with f/2.2 aperture
• Fingerprint sensor
• 3.5mm audio jack, FM Radio
• Dimensions: 164.9×77.07×9.0mm; Weight: 196g
• Splash proof (P2i coating)
• Dual 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5, GPS + GLONASS, micro USB
• 5000mAh battery with 10w charging

Arctic Blue, Lime Green နဲ့ Matte Black ၃ ရောင် ထုတ်လုပ်ထားပြီး 3/32GB ကို ၇,၄၉၉ နဲ့ 4/64GB ကို ၈,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၁ သိန်း ၃ သောင်းနဲ့ ၁ သိန်းခွဲလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: