၂၀၂၁ iPhone တွေမှာ အရွယ်ပိုသေးတဲ့ Notch , LiDAR နဲ့ Sensor-shift OIS ပါလာနိုင်

Apple ဟာ ၂၀၁၇ မှာ Notch ပါတဲ့ iPhone X နဲ့ ဒီဇိုင်းအသစ်ကို မိတ်ဆက်ခဲ့ပြီး ၄ နှစ်အကြာ ၂၀၂၀ ထုတ် iPhone 12 Series မှာလည်း တူညီတဲ့ Notch အရွယ်အစားတွေပဲ ထည့်သွင်းခဲ့ပါတယ်။ အခုတော့ DigiTimes က ဒီနှစ်ထုတ်မယ့် iPhone တွေမှာ အရွယ်အစား ပိုသေးတဲ့ Notch ပါလာမယ်လို့ သတင်းပေးလိုက်ပါတယ်။ ဒီလို သတင်းမျိုးပဲ ဒီလ အစောပိုင်းက ထွက်ခဲ့ပါသေးတယ်။

Apple ဟာ Notch အရွယ်အစား သေးငယ်ဖို့ အနီအောက်ရောင်ခြည် ကင်မရာနဲ့ Dot Projector တို့ကို Module ၁ ခုထဲမှာ ပေါင်းစပ် ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။ အရင်နှစ်လိုပဲ ဒီနှစ်မှာလည်း iPhone မော်ဒယ် ၄ လုံး ထုတ်လုပ်နိုင်ပါတယ်။ Notch အရွယ်အစား သေးငယ်သွားပေမယ့် iPhone 12 Series တွေမှာလိုပဲ ပြားချပ်တဲ့ ထောင့်စွန်း ဒီဇိုင်းကို အသုံးပြုထားနိုင်ပါတယ်။

iPhone မော်ဒယ် အသစ် အားလုံးမှာ လက်ရှိ iPhone 12 Pro နဲ့ 12 Pro Max မှာလို LiDAR Scanners တွေ ထည့်သွင်းထားနိုင်ပါတယ်။ နောက်ထပ် မိုက်တဲ့ လုပ်ဆောင်ချက်က လက်ရှိ iPhone 12 Pro Max မှာပဲ ထည့်ထားတဲ့ Sensor-shift OIS ပါလာမှာပါ။ စွမ်းရည်မြင့် ၆.၁ လက်မနဲ့ ၆.၇ လက်မ iPhone အသစ်တွေမှာ အရွယ်ကြီး Lenses တွေ ထည့်သွင်းထားနိုင်ပါတယ်။

ref : gsmarena

%d bloggers like this: