၂၀၂၁ မှာ Redmi ရဲ့ Gaming ဖုန်း လာမည်

MediaTek ဟာ Dimensity 1200 နဲ့ Dimensity 1100 Chipset ၂ လုံးကိုမနေ့ကပဲ ကြေညာခဲ့ပြီး Redmi က Dimensity 1200 ပါတဲ့ ဖုန်းကို အစောဆုံး ကြေညာမယ်လို့ သတင်းပေးခဲ့ပါတယ်။

CEO Lu Weibing က ဒီသတင်းကို ကြေညာခဲ့တာ ဖြစ်ပြီး သူက ဒီနှစ်မှာ Redmi ကနေ Gaming ဖုန်း ၁ လုံး ကြေညာဖို့ရှိတယ်လို့လည်း ပြောပါတယ်။ အဲဒီ Gaming ဖုန်းမှာ Dimensity 1200 Chipset ပါမလား ဆိုတာတော့ သူက မပြောသွားပါဘူး။

သူက TSMC ရဲ့ 6nm Process နည်းပညာ အသစ်ကြောင့် ဖုန်း အသစ်မှာ အရွယ်ကြီး 3GHz Core ၁ လုံးပါလာမှာ ဖြစ်ပြီး 5G , Ai , Video , Photo တွေ ပိုကောင်းမယ်လို့ ပြောပါတယ်။ ဒါဟာ စမတ်ဖုန်း လောကအတွက် အရမ်းကို တိုးတက်စေမှာပါ။

သူက Redmi K40 Series ကို နောက်လမှာ ကြေညာမယ်လို့လည်း သတင်းထပ်ပေးလိုက်ပါတယ်။ အဲဒီဖုန်းတွေမှာ Snapdragon 888 Chipset ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ Ultra Vesion မှာ ပါမှာ သေချာသလောက် ရှိပြီး Pro Version မှာ MediaTek Chip ထည့်သွင်းထားနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: