Android 12 မှာ အနီးအနားက Device တွေနဲ့ WiFi Password မျှဝေနိုင်မည်

Android 12 ထွက်လာဖို့ အချိန်တော်တော်လိုပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ သတင်းအချက်အလက်တွေ စတင်ထွက်ပေါ်လာနေပါပြီ။ အနီးအနားက Device တွေနဲ့ WiFi Password မျှဝေနိုင်တဲ့ လုပ်ဆောင်ချက်ဟာ Android 12 မှာ ပါလာမယ်လို့ သိရပါတယ်။

Anddroid 10 နဲ့ အထက်မှာတော့ WiFi Password တွေကို QR Code တွေနဲ့ မျှဝေကြတာ ဖြစ်ပါတယ်။ Android 12 မှာတော့ ဒီလိုလုပ်ဖို့ မလိုအပ်တော့ပါဘူး။ Nearby Share လုပ်ဆောင်ချက်မှာ Password Sharing ကိုထည့်သွင်းပေးထားမှာ ဖြစ်ပြီး အနီးအနားက သူငယ်ချင်းတွေရဲ့ Device ကို လွယ်လွယ်ကူကူ WiFi Password ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

ဒါပေမယ့် Nearby Share နဲ့ WiFi Password မျှဝေနိုင်ဖို့အတွက် Device ၂ ခုစလုံးမှာ Android 12 ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ အဲဒီ စနစ်မှာ အသုံးပြုမယ့် Protocol ကို မသိရသေးပါဘူး။ Android 12 Developer Preview ဖြန့်ချိမယ့် အချိန် နီးကပ်လာပြီ ဖြစ်တဲ့အတွက် မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို သိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: