Samsung Galaxy S21 4G ကို Bluetooth SIG မှာ တွေ့လာရပြီ

Samsung ဟာ မကြာခင်က ကြေညာခဲ့တဲ့ Galaxy S21 5G ရဲ့ 4G Version ကို ကြေညာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ၁ ပတ်က ကြေညာခဲ့တဲ့ Galaxy S21 Series ၃ လုံးစလုံးမှာ 5G ဆက်သွယ်မှု ပါလာပြီး နိုင်ငံပေါ်မူတည်ကာ mmWave နဲ့ sub-6Ghz ထောက်ပံ့ထားမှာပါ။ အခုတော့ Bluetooth SIG မှာ 4G မော်ဒယ်ကို မှတ်ပုံတင်လိုက်ပါတယ်။

Bluetooth SIG မှာ မော်ဒယ် နံပါတ် ၂ လုံးကို မှတ်ပုံတင်ထားပြီး SM-G990F and SM-G990F_DS တို့ ဖြစ်ပါတယ်။ Galaxy S21 5G ရဲ့ မော်ဒယ်နံပါတ်က SM-G991X ဖြစ်တဲ့အတွက် မတူညီပါဘူး။ Galaxy S21 4G Version ဟာ 5G ဆက်သွယ်မှု မရသေးတဲ့ ၊ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေအတွက် ရည်ရွယ်ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။

Samsung က Galaxy S21 4G Version ကို ကြေညာမယ့် အချိန်ကို မသိရသေးပါဘူး။ အဲဒီ ဖုန်းရဲ့ သတင်းအချက်အလက်တွေ မကြာခင် ပိုသိလာရတော့မှာပါ။ လက်ရှိမှာတော့ ဒီလောက်ပဲ သိရပါသေးတယ်။

Ref : gsmarena

%d bloggers like this: