နှစ်များစွာကြာ တောက်လျှောက် ရှုံးနေတဲ့အတွက် စမတ်ဖုန်း စီးပွားရေးကို စွန့်ခွာနိုင်တဲ့ LG

LG ဟာ စမတ်ဖုန်း‌လောကကို အစောထဲက ဦးဆောင်ခဲ့သူတွေထဲက ၁ ခု ဖြစ်ပေမယ့် အခုတော့ နှစ်များစွာကြာ တောက်လျှောက် ရှုံးနေတဲ့အတွက် စွန့်ခွာတော့မယ်လို့ သတင်းထွက်လာပါတယ်။ LG ဟာ စမတ်ဖုန်း လုပ်ငန်းကို ရောင်းဖို့၊ ငှားဖို့ သို့မဟုတ် လျှော့ချဖို့ နည်းလမ်းတွေကို စဉ်းစားနေပါတယ်။

LG ဟာ စမတ်ဖုန်း နယ်ပယ်မှာ အခုနောက်ပိုင်း နှစ်များစွာအတွင်း ရုန်းကန်ခဲ့ရပြီး အရင်တုန်းကတော့ အမေရိကန်မှာ ရောင်းအား အကောင်းဆုံး ထိပ်ဆုံး ကုမ္ပဏီ ၃ ခု စာရင်းထဲ ဝင်ခဲ့ပါတယ်။ အခုတော့ နောက်ဆုံး ၅ နှစ်အတွင်း ဒေါ်လာ ၄.၅ ဘီလီယမ်လောက် ရှုံးခဲ့တယ်လို့ သိရပါတယ်။

LG ဟာ စမတ်ဖုန်း လုပ်ငန်းကို စွန့်ခွာမယ်ဆိုတဲ့ သတင်းဟာ ထူးခြားပါတယ်။ LG ဟာ မကြာခင်ကပဲ CES 2021 မှာ Rollable စမတ်ဖုန်းကို ကြေညာခဲ့ပြီး ဖုန်း အသစ်တွေ ဆက်ထုတ်မယ်လို့ သတင်းပေးခဲ့ပါတယ်။ LG ဟာ ပြီးခဲ့တဲ့နှစ်က G Series ဖုန်းတွေ ထုတ်လုပ်တာ ရပ်နားခဲ့ပြီး LG Velvet နဲ့ LG Wing တို့လို Series အသစ်တွေကို ချပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုအချိန်အထိ မျှော်လင့်ထားသလောက် မအောင်မြင်သေးပါဘူး။

Ref : fonearena

%d bloggers like this: