Xiaomi ဟာ Redmi Note 10 နဲ့ Redmi Note 10 Pro ကို အိန္ဒိယမှာ နောက်လ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ ကြေညာမယ့် နေ့ရက် အတိအကျကို မသိရသေးပါဘူး။ သူတို့ ၂ လုံးအပြင် Redmi Note 10 Lite ကိုပါချပြမယ်လို့ သတင်းထွက်လာပါတယ်။
Redmi Note 10 ရဲ့ Specs တချို့ ပေါက်ကြားနေပြီး အောက်မှာ လေ့လာနိုင်ပါတယ်။
Key Specs
Xiaomi Redmi Note 10
Qualcomm Snapdragon 750G | 4 GBProcessor
6.67 inchesDisplay
64 MP + 8 MP + 2 MP + 2 MPRear camera
16 MPSelfie camera
4820 mAhBattery
Redmi Note 10 Pro ကို FCC မှာ မကြာခင်က တွေ့လာရပြီ ဖြစ်ပါတယ်။ သူ့ရဲ့ မော်ဒယ် နံပါတ်က M2101K6G ဖြစ်ပြီး GSM , LTE နဲ့ WCDMA ကွန်ရက်တွေကို ထောက်ပံ့တဲ့ 4G Device လို့ အဲဒီမှာ ဖော်ပြထားပါတယ်။ သူ့မှာ dual-band WiFi နဲ့ Bluetooth BR/EDR , LE Connectivity , NFC နဲ့ FM Receivers တွေ ထောက်ပံ့ထားမှာ ဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ MIUI 12 မောင်းနှင်ထားမယ်လို့ သိရပါတယ်။
XiaomiUI Telegram Group က အဲဒီ ဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ Sweet ဖြစ်ပြီး IPS LCD မျက်နှာပြင် ပါလာမယ်လို့ ဖော်ပြထားပြီး Snapdragon 732G Chipset မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာမှာ ဖြစ်ပြီး 64MP Samsung S5KGW2 Sensor , Ultrawide Sensor , Macro Sensor နဲ့ Depth Sensor တို့ ဖြစ်ပါတယ်။ ဘက်ထရီက 5,050mAh ဖြစ်ပါတယ်။
Ref : gsmarena