ဓါတ်ပုံတွေ ထွက်လာတဲ့ Sony Xperia 10 III

Sony ဟာ စွမ်းရည်မြင့် 5G ဖုန်း ၂ လုံးကို ကြေညာထားပြီးပါပြီ။ အခုတော့ Sony က စွမ်းရည်သင့် 5G ဖုန်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ဖုန်းမှာ Snapdragon 690 Chipset ပါလာနိုင်ပြီး Sony Xperia 10 III နာမည်နဲ့ ကြေညာနိုင်ပါတယ်။

အခု‌တော့ သူ့ရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပြီး ဒီဇိုင်းက အရင်မျိုးဆက် Xperia 10 II နဲ့ တူညီပါတယ်။ ၂၀၂၁ မှာ မျက်နှာပြင် ပတ်လည်က ဘောင်တွေပါလာတာကတော့ အရမ်း အောက်ပါတယ်။ အရွယ်အစား အပြည့်အစုံဟာ 154.4 x 68.4 x 8.3 mm ဖြစ်ပြီး ကင်မရာ Bump ပါ ထည့်တွက်ရင် 9.1mm ထူပါတယ်။

Sony ဟာ 5G ဖုန်းကို အာရုံစိုက်ဖို့အတွက် Snapdragon 720 ပါတဲ့ Xperia 10 II Plus ထုတ်လုပ်ဖို့ကို ဖျက်သိမ်းခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၀ မှာ Plus မော်ဒယ် မထွက်လာတာပါ။ ၂၀၂၁ မှာလည်း Xperia 10 III Plus မထွက်လာနိုင်ပါဘူး။

လက်ရှိ သတင်းတွေအရ Sony ဟာ ဒီနှစ်မှာ 690 နဲ့ 888 Chipset ပါတဲ့ ဖုန်း ၂ လုံးကို ကြေညာမယ်လို့ သိရပါတယ်။ 888 ပါမှာက စွမ်းရည်မြင့် Xperia 1 ဖြစ်နိုင်ပါတယ်။ Xperia 5 အသစ်ကိုတော့ ဒီနှစ် ဒုတိယနှစ်ဝက်ကျမှ ချပြနိုင်ပါတယ်။

လက်ရှိ Xperia 10 မော်ဒယ်ကို ဖေဖော်ဝါရီလက စွမ်းရည်မြင့် 1 ၊ စွမ်းရည်နိမ့် L4 တို့နဲ့အတူ ကြေညာခဲ့ပါတယ်။ Sony ဟာ Helio P35 ပါတဲ့ ဖုန်း ၁ လုံးကိုလည်း ကြေညာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Sony ရဲ့ မူအရဆိုရင် Xperia 1 III , 10 III နဲ့ L5 ကို ဒီနှစ် ဖေဖော်ဝါရီလမှာ မိတ်ဆက်နိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: