Helio G80 နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Vivo Y20G ကို ကြေညာ

Vivo က Y20 Series ၅ လုံကို ကြေညာထားပြီးပြီ ဖြစ်ပြီး Y20, Y20i, Y20s, Y20A နဲ့ Y20 (2021) တို့ ဖြစ်ပါတယ်။ အခုတော့ Y20G အမည်ရ အသစ် ၁ လုံးကို ချပြလိုက်ပါတယ်။ သူ့မှာ ၆.၅၁ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13MP Main , 2MP Macro နဲ့ 2MP Depth ကင်မရာ ၃ လုံး ထည့်သွင်းထားပါတယ်။

Vivo Y20G မှာ Helio G80 SoC မောင်းနှင်ထားပြီး 6GB RAM နဲ့ 128GB Storage တွေ ပါလာပါတယ်။ Android 11 အခြေပြု Funtouch OS 11 မောင်းနှင်ထားပြီး 1TB microSD Card စိုက်နိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး Obsidian Black နဲ့ Purist Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါလာပြီး 18W Charging နဲ့ microUSB Port တပ်ဆင်ထားပါတယ်။

Vivo Y20G ကို အိန္ဒိယမှာ ၁၄,၉၉၀ ရူပီး သတ်မှတ်ထားပြီး ၂ သိန်း ၇ သောင်းလောက် တန်ကြေးရှိပါတယ်။ Amazon.in, Flipkart, Paytm, Tata Cliq နဲ့ တခြား မြေပြင် စတိုးတွေကနေ ရောင်းမှာ ဖြစ်ပြီး တခြားနိုင်ငံတွေမှာ ရောင်းမယ့် သတင်းကို မသိရသေးပါဘူး။

Ref : gsmarena

%d bloggers like this: