Samsung Galaxy A52 5G ကို TENAA မှာ မှတ်ပုံတင်လိုက်ပြီ

Samsung Galaxy A50 နဲ့ A51 Series ဟာ စွမ်းရည်သင့် ဖုန်း နယ်ပယ်မှာ အရမ်း အောင်မြင်ခဲ့ပြီး အခုတော့ မျိုးဆက်သစ် A52 ကို ဖန်တီးနေပါပြီ။ အခု‌တော့ သူ့ကို တရုတ်က TENAA မှာ တွေ့လာရပြီ ဖြစ်ပြီး 4G နဲ့ 5G Version ၂ မျိုး ထုတ်လုပ်ထားမှာပါ။ Chipset က လွဲကာ တခြား Specs တွေက တူညီကြမှာပါ။

တရုတ်က 3C မှာလည်း သူ့ကို မကြာခင်က တွေ့လာရပြီ ဖြစ်တဲ့အတွက် ကြေညာဖို့ နီးစပ်နေပါပြီ။ 3C မှာ မော်ဒယ်နံပါတ်က SM-A5260 ဖြစ်ပြီး 15W Charging ပါတယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် တခြား Specs တွေကို မဖော်ပြထားပါဘူး။ Geekbench မှာတော့ Android 11 နဲ့ 8GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။

အရင်ပေါက်ကြားခဲ့တဲ့ ဓါတ်ပုံအရ A52 5G ရဲ့ ဒီဇိုင်းဟာ A51 5G နဲ့ တူပါတယ်။ သူ့မှာ ၆.၅ လက်မ FHD+ AMOLED မျက်နှာပြင်နဲ့ Infinity-O ပါလာမှာပါ။ အနောက်ဘက်မှာ ကင်မရာ ၄ လုံးကို ဒေါင်လိုက်အကွက်ထဲမှာ ထည့်သွင်းထားပြီး သတ္တုဖရိမ် တပ်ဆင်ထားပါတယ်။ အရင်သတင်းအရ 64MP Main ကင်မရာ ၊ Snapdragon 750G SoC နဲ့ 6GB RAM ပါလာမယ်လို့ သိရပါတယ်။

ဒါ့အပြင် နားကြပ်ပေါက်နဲ့ မျက်နှာပြင်အောက် လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာမှာ ဖြစ်ပြီး အရွယ်အစား အပြည့်အစုံဟာ 159.9 x 75.1 x 8.4mm ဖြစ်ပါတယ်။ အထူက ကင်မရာပါ ထည့်တွက်ရင် ၁၀ မီလီမီတာ ရှိပါတယ်။ သူ့ရဲ့ ဈေးဟာ Galaxy A51 5G နဲ့ တူညီနိုင်ပြီး ၄၉၉ ဒေါ်လာလောက် ကျသင့်မှာပါ။ မြန်မာငွေနဲ့တွက်ရင် ၆ သိန်း ၆ သောင်းလောက် တန်ကြေးရှိပါတယ်။

Ref : fonearena

%d bloggers like this: