Honor V40 ရဲ့ တရားဝင် ဓါတ်ပုံတွေ ထွက်ပေါ်လာ

Honor V40 ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် ပိုင်ရှင် ပြောင်းသွားတဲ့အတွက် ကြေညာမယ့် အချိန်ကို ဇန်နဝါရီလ အစောပိုင်းသို့ နောက်ဆုတ်ခဲ့ပါတယ်။ မကြာခင်ကပဲ Honor က ကြေညာမယ့် နေ့ကို ဒီလ ၁၈ ရက်နေ့လို့ အတည်ပြုခဲ့ပေမယ့် အခုတော့ Honor က ၂၂ ရက်နေ့သို့ နောက်ဆုတ်လိုက်ပါတယ်။


မိတ်ဆက်ပွဲ မတိုင်ခင် ရက်ပိုင်းအလိုမှာပဲ တရုတ် စတိုး ၁ ခုကနေ သူ့ရဲ့ တရားဝင် ဓါတ်ပုံတွေထွက်ပေါ်လာပါတယ်။ Suning နဲ့ တခြား တရုတ်စတိုးတွေမှာ အမှာစာ တင်သွင်းနိုင်ပြီ ဖြစ်ပြီး ဓါတ်ပုံတွေအရ အရှေ့ဘက်မှာတော့ ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားတဲ့ ဆေးတောင့်ပုံ Punch Hole ကို တွေ့ရပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး၊ Laser Autofocus နဲ့ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။

Honor အရင်က မျှဝေထားတဲ့ ပိုစတာအရ သူ့မှာ မျက်နှာပြင်ကွေး ပါလာမှာ ဖြစ်ပြီး သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားကာ အောက်ခြေမှာ USB Type-C Port နဲ့ စပီကာတွေ ပါလာတာမြင်ရပါတယ်။ Honor က သူ့မှာ 50MP ပင်မ ကင်မရာ ပါလာမယ်လို့ ဗီဒီယို ၁ ခုနဲ့ အတည်ပြုထားပြီး ဗီဒီယိုမှာ Low Light စွမ်းရည်ကို ကြွားထားပါတယ်။

အရင်က Honor V40 ရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်များစွာ မကြာခဏ ပေါက်ကြားခဲ့ပါတယ်။ မူလက စီစဉ်ထားတဲ့ Kirin 9000 အစား Dimensity 1000+ Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 66W Fast Charging ထောက်ပံ့တဲ့ 4,000mAh ဘက်ထရီ ပါလာနိုင်ပါတယ်။ 120Hz Refresh Rate ထည့်သွင်းထားပြီး ၆.၇၂ လက်မ FHD+ AMOLED မျက်နှာပြင် ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: