Samsung Galaxy M62 မှာ အရွယ်ကြီး 7,000mAh ဘက်ထရီ ပါလာမည်

Samsung Galaxy M62 ကို FCC မှာ မှတ်ပုံတင်လိုက်ပြီ ဖြစ်ပြီး မော်ဒယ်နံပါတ်က SM-M62F/DS ဖြစ်ပါတယ်။ FCC မှာ အရွယ်ကြီး 7,000mAh ဘက်ထရီ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် FCC က စာရင်းအရ သူ့မှာ 25W Charger , USB C Port နဲ့ 3.5mm Headphone Jack ပါလာမယ်လို့ ဖော်ပြထားပါတယ်။

FCC မှာ မော်ဒယ်နံပါတ် SM-E625F/DS ကိုလည်း တွေ့လာရပြီ ဖြစ်ပြီး Galaxy F62 လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် Samsung ဟာ မတူညီတဲ့ နိုင်ငံတွေမှာ မတူညီတဲ့ နာမည်တွေနဲ့ ရောင်းချမယ်လို့ ထင်ပါတယ်။

FCC က အဲဒီ စမတ်ဖုန်းရဲ့ အသေးစိတ် Specifications တွေကို မပြောသေးပေမယ့် Geekbench က စာရင်းအရ SM-E625F မှာ Exynos 9825 SoC , 6GB RAM နဲ့ Android 11 တွေ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

Galaxy M62 ဟာ တက်ဘလက် ၁ လုံးလို့ အရင်သတင်းတွေက ဆိုကြပေမယ့် FCC က စာရင်းမှာတော့ စမတ်ဖုန်း ၁ လုံးလို့ စာရင်းသွင်းထားပါတယ်။ လက်ရှိမှာ Galaxy M62 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရသေးပြီး မကြာခင် ပိုမို သိလာရတော့မှာပါ။

Ref : gsmarena

%d bloggers like this: