Huawei P50 Pro မှာ 120Hz Refresh Rate ပါလာနိုင်

Huawei P50 Series ရဲ့ သတင်းအချက်အလက်တွေ မကြာခဏ ထွက်ပေါ်နေပြီး အခုလည်း P50 Pro မှာ 120Hz နဲ့ P50 မှာ 90Hz Refresh Rate ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ Kirin 9000e နဲ့ Kirin 9000 Chip တွေ အသီးသီး ပါလာနိုင်ပြီး မျက်နှာပြင် အထက်အလယ်နားမှာ Punch Hole ၁ လုံး တပ်ဆင်ထားမှာပါ။

ဒါ့အပြင် P50 Series အနောက်ဘက်က Binocular Zoom ဟာ အဆ ၂၀၀ အထိ ထောက်ပံ့ပေးမှာ ဖြစ်ပြီး မျက်နှာပြင် အရည်အသွေးဟာ Xiaomi Mi 11 နဲ့ ရင်ဘောင်တန်းနိုင်မယ်လို့ သိရပါတယ်။ P50 မှာ 66W Wired Fast Charging နဲ့ 50W Wireless Fast Charging တွေ ထည့်သွင်းထားနိုင်တယ်လို့ သတင်းထွက်လာပါတယ်။

အရင်ကလည်း Huawei P50 Pro ဟာ အရင်မျိုးဆက်ထက် အရွယ်အစား သေးငယ်မယ်လို့ သတင်းထွက်လာခဲ့ဖူးပါတယ်။ အဲဒီ ဖုန်းရဲ့ ပထမဆုံး ဓါတ်ပုံတွေလည်း ထွက်လာပြီ ဖြစ်ပြီး မျက်နှာပြင်အရွယ်အစားက ၆.၆ လက်မ ဖြစ်မှာပါ။ P40 နဲ့ အရွယ်နီးစပ်ပြီး ၆.၇၆ လက်မ P40 Pro ထက်‌တော့ အရွယ်အစား သေးငယ်မှာပါ။

မျက်နှာပြင် ဘယ်ဘက်နဲ့ ညာဘက်ဟာ ကွေးညွှတ်ဒီဇိုင်း ဖြစ်ပြီး ဘေးဘက်မှာ ဟာ့ဒ်ဝဲ ခလုတ်တွေ တပ်ဆင်ထားပါတယ်။ အရွယ်အစား ကျစ်လစ်ပြီး အရှည်က ၁၅၉ မီလီမီတာနဲ့ အကျယ်က ၇၃ မီလီမီတာ ရှိမှာပါ။ အဲဒီ အရွယ်အစားတွေဟာ P40 နဲ့ တော်တော်တူပြီး P40 Pro ကတော့ ၁၆၂.၉ နဲ့ ၇၅.၅ မီလီမီတာ အသီးသီး ရှိမှာပါ။

P50 Pro မျက်နှာပြင်မှာ ပြောင်းလဲမှု ၂ ခု ပါလာမှာ ဖြစ်ပြီး ပထမ ၁ ခုက ကြီးမားတဲ့ Dual ဆဲလ်ဖီး ကင်မရာ Punch Hole ကို အရွယ်သေး Single ကင်မရာနဲ့ အစားထိုးထားပါတယ်။ ဒုတိယ ၁ ခုက P30 Pro မှာ မိတ်ဆက်ခဲ့တဲ့ အသံထွက်တဲ့ မျက်နှာပြင် နည်းပညာအစား သမားရိုးကျ Earpiece တပ်ဆင်ထားမှာပါ။

Ref : gsmarena

%d bloggers like this: