SD888 ပါတဲ့ မော်ဒယ် ၂ လုံး ပါလာမယ့် Redmi K40 Series

Redmi K40 Series ကို နောက်လမှာ ကြေညာမယ်လို့ အထွေထွေမန်နေဂျာ Lu Weibing က မကြာသေးခင်က အတည်ပြုလိုက်ပါတယ်။ အရင်နှစ်ထုတ် Redmi K30 Series အတွက် Redmi K30 5G , Redmi K30 Pro , K30 Pro Zoom တို့ကို ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာလည်း အလားတူလိုပဲ ထွက်လာနိုင်ပါတယ်။ အခုတော့ Redmi Product Director Wang Teng Thomas က Snapdragon 888 ပါတဲ့ K40 မော်ဒယ် အနည်းဆုံး ၂ လုံး ထွက်လာမယ်လို့ ဝီဘိုကနေ အတည်ပြုလိုက်ပါတယ်။ Redmi K40 Pro နဲ့ K40 Pro Zoom Edition တို့မှာ SD888 ပါလာနိုင်ပါတယ်။

Lu Weibing က မော်ဒယ် ၁ လုံးမှာ နောက်ကြေညာမယ့် MediaTek Dimensity SoC ထည့်သွင်းထားမယ်လို့ မကြာခင်က သတင်းပေးခဲ့ပြီး Dimensity 1200 ဖြစ်ဖို့ သေချာသလောက်ရှိပါတယ်။ အဲဒီ SoC ရဲ့ စွမ်းရည်ဟာ အရင်နှစ်ထုတ် Snapdragon 865 လောက်ရှိတယ်လို့ အစောပိုင်း Benchmark တွေက ဖော်ပြနေပါတယ်။ အဲဒီ SoC ဟာ LPDDR5 RAM နဲ့ UFS 3.1 Storage ကို ထောက်ပံ့နိုင်ပါတယ်။

ဒါ့အပြင် Pro ဖုန်းရဲ့ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၂,၉၉၉ ယွမ် ရှိမယ်လို့ သူက ပြောတဲ့အတွက် ၆ သိန်း ၂ သောင်းလောက် ကျသင့်မှာပါ။ K40 Pro ဟာ SD888 ပါတဲ့ ဈေးအချိုဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ သူက Pro ရဲ့ မျက်နှာပြင် အပြားဟာ ဈေးတော်တော်ကြီးမယ်လို့ သူက အတည်ပြုလိုက်တဲ့အတွက် AMOLED ပါလာနိုင်ပါတယ်။

အရင်သတင်းတွေအရ Redmi K40 မှာ Sony IMX686 64MP Main ကင်မရာနဲ့ 33W Fast Charging နည်းပညာတွေ ပါလာမယ်လို့ သိရပါတယ်။

Ref : gizmochina

%d bloggers like this: