Snapdragon 732G ပါမှာ မဟုတ်တဲ့ POCO F2

၂၀၁၉ မှာ Poco ရဲ့ ဖုန်းတွေ ပျောက်ချက်သား ကောင်းနေပြီး ၂၀၂၀ မှာ သီးခြား Brand အဖြစ် ဖုန်းလောကထဲ ပြန်ရောက်လာပါတယ်။ ၂၀၂၀ မှာ POCO X2, POCO F2 Pro, POCO M2 Pro, POCO M2, POCO X3, POCO C3 နဲ့ POCO M3 စတဲ့ ဖုန်းများစွာကို ကြေညာခဲ့ပြီး ၂၀၂၁ မှာ Poco F2 နဲ့ ပွဲထွက်တော့မှာပါ။ ကုမ္ပဏီက သူ့ရဲ့ Teaser ၁ ခုကို တွစ်တာမှာ မျှဝေထားပါတယ်။

Poco F2 ဟာ စွမ်းရည်သင့် ဖုန်းလို့ သတင်းထွက်နေပြီး Snapdragon 732G Chipset ပါလာမယ်လို့ သိခဲ့ရပါတယ်။ အခုတော့ ဒီသတင်းမှားနေတယ်လို့ POCO India ရဲ့ ဒါရိုက်တာ Anuj Sharma က အတည်ပြုလိုက်ပါတယ်။ POCO F1 မှာ Snapdragon 845 ထည့်ထားသလိုမျိုး F2 မှာလည်း နောက်ဆုံးထုတ် စွမ်းရည်မြင့် Chipset ပါလာနိုင်ပါတယ်။

တခြားပေါက်ကြားသတင်းတွေအရ POCO F2 မှာ AMOLED မျက်နှာပြင် တပ်ဆင်ထားမှာပါ။ 120Hz Refresh Rate နဲ့ 4,250mAh ဘက်ထရီတွေ ထည့်သွင်းထားမှာ ဖြစ်ပြီး Reverse Charging လည်း ပါလာမှာပါ။ နိုင်ငံတကာ မော်ဒယ်မှာ NFC ပါလာနိုင်ပြီး အနောက်ဘက်မှာ ကင်မရာ ၄ လုံး တပ်ဆင်ထားမှာပါ။

Ref : gizmochina

%d bloggers like this: