Vivo X60 Pro+ အတွက် Snapdragon 875 Version ထွက်လာနိုင်

Vivo X60 , X60 Pro တို့ကို ကြေညာပြီးနောက်မှာ အခုတော့ X60 Pro+ ကို ချပြတော့မှာပါ။ အရင်မော်ဒယ်တွေမှာ Exynos 1080 Chipset ထည့်သွင်းထားပေမယ့် Pro+ မှာ Snapdragon 888 ပါမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Snapdragon 875 Version ပါထွက်လာနိုင်တယ်လို့ သတင်းပေါက်ကြားလာပါတယ်။ SD875 ကို Qualcomm က မကြေညာရသေးပါဘူး။
https://twitter.com/RODENT950/status/1350423124525920257?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1350423124525920257%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.gizmochina.com%2F2021%2F01%2F16%2Fvivo-x60-pro-may-have-a-snapdragon-875-version%2F
အဲဒီ Chipset ကို Snapdragon 870 အနေနဲ့လည်း ကြေညာနိုင်ပါတယ်။ သူ့မှာ 3.19GHz CPU ပါလာနိုင်ပြီး GPU Clock Speed ကလည်း ပိုမြင့်မယ်လို့ သိရပါတယ်။ နှိုင်းယှဉ်ရရင် Snapdragon 865 Plus ရဲ့ Clock Speed ဟာ 3.09GHz ပဲ ရှိပါတယ်။
https://twitter.com/RODENT950/status/1350428775394250752?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1350428775394250752%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fwww.gizmochina.com%2F2021%2F01%2F16%2Fvivo-x60-pro-may-have-a-snapdragon-875-version%2F
Vivo X60 Pro+ ကို ဒီလ ၂၁ ရက်နေ့ ကြေညာမှာ ဖြစ်ပြီး 8 or 12GB RAM Version တွေကို JD.com မှာ စာရင်းတင်ထားပြီး 128 or 256GB Storage တွေ အသီးသီး ထည့်သွင်းထားပါတယ်။ Huawei Mate 30 မှာလို သားရေ မော်ဒယ် ထွက်လာနိုင်ပါတယ်။

သူ့မှာ ၆.၅၆ လက်မ AMOLED မျက်နှာပြင်နဲ့ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမှာပါ။ 120Hz Refresh Rate ၊ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာနဲ့ ZEISS ရဲ့ ကင်မရာတွေ ပါလာနိုင်ပါတယ်။

Ref : gizmochina

%d bloggers like this: