Asus ROG Phone 4 မှာ 6,000mAh ဘက်ထရီ ပါလာနိုင်

Asus က ပြီးခဲ့တဲ့ ရက်အနည်းငယ်က တရားဝင် ဝီဘို အကောင့်ကနေ ROG Phone 4 ရဲ့ Teaser ကို စတင် မျှဝေခဲ့ပါတယ်။ ဒါပေမယ့် Asus က သူ့ရဲ့ Specifications တွေကို ဘာမှ မပြောသေးပါဘူး။ အခုတော့ နာမည်‌ကျော် Tipster ၁ ယောက် ဖြစ်တဲ့ Digital Chat Station က ROG Phone 4 မှာ Dual-cell 6,000mAh ဘက်ထရီနဲ့ 60W or 65W Charging ထည့်သွင်းထားမယ်လို့ သတင်းပေးလိုက်ပါတယ်။

Asus ROG Phone 4 ရဲ့ မော်ဒယ်နံပါတ်ဟာ I005DA ဖြစ်ပြီး တရုတ်က 3C မှာ 65W Charging ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် 5G ဆက်သွယ်မှုလည်း ပါလာမယ်လို့ သိရပါတယ်။ သူ့ကို ပြီးခဲ့တဲ့လက Geekbench မှာတွေ့လာရပြီ ဖြစ်ပြီး Android 11 , Snapdragon 888 SoC နဲ့ 8GB RAM ထည့်သွင်းထားမယ်လို့ သိရပါတယ်။

လက်ရှိမှာ Asus ROG Phone 4 ရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲ သိရပါသေးတယ်။ မကြာခင်မှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ပိုမို ထွက်ပေါ်လာမှာ သေချာပါတယ်။

Ref : gsmarena

%d bloggers like this: